စစ်မျက်နှာ အနှံ့အပြားမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အောက်ခြေတပ်သားတွေကို စစ်တပ်ကနေ ထွက်ခွင့်မပေးဘဲ ရှေ့တန်းပို့တာတွေကြောင့် နောင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ စစ်သားတွေ အများကြီး ရှိလာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

မကွေးတိုင်း၊ ထီးလင်းမြို့က စစ်ကောင်စီတပ်သား ၁ ယောက်ဟာ မိမိကိုယ်ကိုယ် သေနတ်နဲ့ ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် ညနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆုံးစီရင်ခဲ့တဲ့ စစ်သားဟာ အသက် ၅၆ နှစ်အရွယ် တပ်ကြပ်ကြီး ကျော်ငွေဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

တပ်ကြပ်ကြီးကျော်ငွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ကျောက်ထု အမြောက်တပ်ကနေ ထီးလင်းမြို့ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်တွေကတော့ ကျောက်ထုမှာပဲ ကျန်နေခဲ့တယ်လို့ သိရပါတယ်။

သူဟာ စစ်တပ်ထဲက ထွက်ချင်နေတာ ကြာပြီဖြစ်ပေမယ့် အကြောင်းအမျိုးအမျိုးနဲ့ ထွက်ခွင့်မရတာကြောင့် အခုလို အဆုံးစီရင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီလိုဖြစ်စဉ်တွေက တော်တော်လေး ဖြစ်ခဲပါတယ်။ အာဏာမသိမ်းခင်မှာတော့ ဖြစ်ခဲ့တာတွေတော့ရှိပါတယ်။ ဉာဏ်ကောင်းကြတာပေါ့နော်၊ တိုက်ပွဲမှာ ဒဏ်ရာရတယ်ဆိုရင် နောက်တန်းကို ဆေးကုဖို့ ပြန်ရတယ်ဆိုတော့ ကိုယ့်ဘာသာကိုယ် ရှပ်ထိအောင်လုပ်ကြတာပေါ့နော်။ ဒါပေမယ့် အဲ့ဒါကို စစ်ဆေးရုံတွေကနေ သိသွားရင် ခွဲစိတ်မကုသတော့ဘဲ မလိုအပ်ဘဲ ဖြတ်တောက်တာတွေ လုပ်လိုက်ကြပါတယ်။ အဲ့လိုဆိုတော့ စစ်သားတွေက ကျဉ်းထဲကျပ်ထဲ ရောက်ကုန်တာပေါ့” လို့ CDM ဗိုလ်ကြီးဇင်ယော်က‌ မောင်းကို ပြောပါတယ်။

အမှန်တကယ် အဆုံးစီရင်တာ မှန်ကန်တယ်ဆိုရင်တောင် ကျန်ခဲ့တဲ့ မိသားစုဝင်တွေဟာ စစ်တပ်ကနေ ခံစားခွင့်တစုံတရာ မရရှိဘူးလို့လည်း ဆိုပါတယ်။

ဗိုလ်ကြီးဇင်ယော်ကပဲ ဆက်လက်ပြီး “ဒီလိုဖြစ်ရပ်မျိုးတွေ နောင်မှာ ခပ်စိပ်စိပ်ဖြစ်လာဖို့ အများကြီးရှိပါတယ်။ စစ်တပ်ကလည်း အရှင်ကို ပေးမထွက်ဘူး။ အသေပဲ ထွက်လို့ ရမယ်ဆိုတော့ အများကြီးရှိလာနိုင်ပါတယ်” လို့ ပြောပါတယ်။   

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့် ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုတဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖ တွေနဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းကို ဗုံးခွဲတိုက်ခိုက်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီပိုင် ခွဲတမ်းဆီ(စာအုန်းဆီ) ပေပါများ သယ်လာသည့် ခြောက်ဘီးကားကို Southern YSO PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီပိုင် ခွဲတမ်းဆီ (စားအုန်းဆီ) ပေပါတွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကားကို ပခုက္ကူ-ရေစကြို လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးစစ်ဆေး သိမ်းဆည်းခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။
Read More

PDF နှင့် ပကဖ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို NUG ကာကွယ်ရေးဒုဝန်ကြီးက တပ်ဗိုလ်တပ်မှူးများနှင့် ဆွေးနွေးခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က တပ်ဗိုလ်တပ်မှူးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းအတွင်း တိုင်း ပကဖ က ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေပေးနေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက အပတ်စဉ် ထုတ်ဝေနေတဲ့ စစ်သတင်းလွှာကို အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းအတွင်းရှိ ပြည်သူလူထုတချို့ဆီ ဖြန့်ဝေပေးခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

PNLO နယ်မြေက ပွန်ချောင်းတံတားကို စစ်ကောင်စီ လေတပ် ဗုံးကြဲတိုက်ခိုက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေက အများပြည်သူအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ထုတ်ပြန်ထားပါတယ်။