ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။

နိုဝင်ဘာ ၉ရက်၊ မနေ့က မနက်ပိုင်းကစလို့ မင်းတပ်မြို့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေကြောင်း သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မင်းတပ်မြို့ ရဲစခန်းရှေ့၊ ခေါနူးရိပ်သာအနီးတဝိုက်က အရပ်သားနေအိမ်တွေနဲ့ မြို့အနောက်ဘက် ဆောက်လုပ်ရေးဝန်းအနောက်ဘက်ခြမ်းတို့ မီးလောင်ပျက်စီးမှုတွေ ရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းတပ်မြို့မြင်ကွင်း (ဓာတ်ပုံ HKL Mindat)

ညနေပိုင်းမှာလည်း နေပြည်တော် အေလာလေဆိပ်နဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာတွေက မင်းတပ်မြို့အနောက်ဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း၊ မြို့အတွင်း နေအိမ်အဆောက်အအုံ မီးလောင်ပျက်စီးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

“လောလောဆယ် မင်းတပ်မှာ တိုက်ပွဲဖြစ်နေတယ်ပေါ့။ လေကြောင်းကနေလည်း Y12တွေရော တိုက်လေယာဥ်တွေနဲ့ ဗုံးတွေလာကြဲပါတယ်။ တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတာပါ” လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။

မင်းတပ်မြို့တိုက်ပွဲကို CDF-မင်းတပ်နဲ့ အတူ မဟာမိတ်တပ်တွေက ပါဝင်တိုက်ခိုက်နေ​ကြောင်းနဲ့ မြို့သိမ်းတိုက်ပွဲဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြနေကြပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းတပ်မြို့မြင်ကွင်း (ဓာတ်ပုံ HKL Mindat)
တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းတပ်မြို့မြင်ကွင်း (ဓာတ်ပုံ HKL Mindat)
တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းတပ်မြို့မြင်ကွင်း (ဓာတ်ပုံ HKL Mindat)
0 Shares:
You May Also Like
Read More

မြဝတီအနီးရှိ စစ်ကောင်စီ၏ ဝေါလေ နှင့် ဥကရစ်ထစခန်းများ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ၊ ဝေါလေစခန်းမှာ ယမန်နေ့က တော်လှန်ရေးတပ်များ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွား…

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြ၀တီမြို့အနီးရှိ စစ်ကောင်စီရဲ့ ဝေါလေနဲ့ ဥကရစ်ထ တပ်စခန်းတွေ အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဝိုင်းဝန်းပိတ်ဆို့ကာ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

စစ်ကောင်စီထောက်တိုင်တွေကို သတင်းပေး တိုင်ကြားနိုင်ကြောင်း တွံတေး ပကဖ ထုတ်ပြန်

မြေပြင်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ စိုးမိုးထိန်းချုပ်နေတဲ့ ကာလဖြစ်တာကြောင့် ဥပဒေမဲ့ပြုကျင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားသဖြင့် နိုင်လိုမင်းထက် ပြုကျင့်တာတွေကို မှတ်တမ်းတင်ပြုစုမှာဖြစ်တာကြောင့် စစ်ကောင်စီ ထောက်တိုင် အကြမ်းဖက်အဖွဲ့ဝင်တွေကို တိုင်ကြားနိုင်တယ်လို့ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်း၊ ရွာသစ်ရွာကို မီးဝင်ရှို့တဲ့ စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ယောက်သေ၊ ၂ ယောက် ဒဏ်ရာရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းဝင်လာတဲ့ အကြမ်းဖက်စ စ်သားတွေက ရွာသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးရင်း ဆုတ်ခွာရာလမ်းပိုင်းတွေပေါ်  မိုင်းတွေထောင်သွားခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦး၊ ဝရဇိန်တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ၊ သင်တန်းသား ၃၀ ကို လက်နက်တပ်ဆင်ပေးခဲ့

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦးရဲ့ ဝရဇိန်တပ်ဖွဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဟန်ပြရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် ၁၀၂ ခုမှာ ကျင်းပမယ်လို့ စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင် ကြေညာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရမည်ဟု NRFF ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။