မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေဆီ စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်တင်းနေပြီး လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

မနေ့က နိုဝင်ဘာ ၉ရက် မနက်ပိုင်းကစလို့ ပွင့်ဖြူမြို့နယ်ထဲ စစ်ရေးအခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးအန္တရာယ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

“လက်ရှိတော့ စစ်ကြောင်းထိုးဖို့ အင်အားစုနေကြတုန်းပါ။ မဲဇလီ ရဲစခန်းမှာ အနီးနားပျူရွာတွေက ပျူတွေရော စကစတွေရော စုနေကြတယ်။ နောက်ပြီး စခန်းအနီး ကုန်းပေါ်ကနေ ရွာတွေဖက်ကို လက်နက်ကြီးနဲ့ပစ်နေတော့ လက်နက်ကြီးတွေ ရွာထဲကျပြီး ဒေသခံတွေ ရှောင်နေရပါတယ်။ မနေ့က ကျွဲခြံရွာဖက်ကိုပစ်တာ ပြည်သူတစ်ယောက် ဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဒီမနက်လည်း လယ်မဖက်ကို ထပ်ပစ်ပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းအန္တရာယ်နဲ့အတူ စစ်ရေးအခြေအနေ တင်းမာမှုတွေကြောင့် ပုသိမ်-မုံရွာလမ်းပိုင်း ဝန်လိုရွာ၊ ခိုနန်းရွာ၊ သုံးမိုင်ပေါက် ၊ ငါးမိုင်ပေါက်လမ်းပိုင်းတွေ အသုံးမပြုဖို့ ဒေသကာကွယ်ရေးတပ်တွေကလည်း အသိပေးထားပါသေးတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ပွင့်ဖြူမြို့နယ်၊  ပုသိမ်-မုံရွာလမ်းတစ်လျှောက်က လယ်မ၊ ကျောက်ပုံ၊ ကျွဲခြံ၊ ခဲပစ်၊ ဝန်လို ၊ ခိုနန်း စတဲ့ ကျေးရွာတွေကို ဝင်ရောက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ပွင့်ဖြူနဲ့ စေတုတ္ထရာအစပ် ဝန်လိုကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်​ကောင်စီက ဝန်လို၊ ခိုနန်း စတဲ့ ကျေးရွာတွေဆီ စစ်ကြောင်းဝင် ဖျက်ဆီးခဲ့ပါသေးတယ်။

ဒါ့အပြင်  စစ်ကောင်စီအနေနဲ့ ပွင့်ဖြူမြို့နယ်ထဲက လူငယ်တွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့သလို ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေကိုလည်း လက်နက်နဲ့လူအင်အားဖြည့်တင်းတာတွေ လုပ်ဆောင်ပေးထားကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်စွဲထားသည့် မိုးဗြဲက ကတ်သလစ်ကျောင်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီဘက်က ၇ ဦး သေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်၊ မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကတ်သလစ် ဘုရားကျောင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီး သေနတ် ၅ လက်ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေ သီတင်းကျွတ်ကို တော်လှန်သီတင်းကျွတ်အဖြစ် ဆင်နွှဲဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ကာလမှာ ပြည်သူတွေအနေနဲ့ ဆီမီးသပိတ်ဆင်နွှဲပြီး တော်လှန်သီတင်းကျွတ်အဖြစ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ဖို့ သပိတ်အင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။
Read More

မုံရွာက ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းကို တော်လှန်ရေးအင်အားစုတွေက ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၇)ရွာတွင် လက်နက်ကြီးနှင့် ဒရုန်း အလွန်အကျွံ အသုံးပြုနေသည့် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ ဇူလိုင်လ ၈ ရက် တစ်ရက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၉)လုံး၊ ဒရုန်းနဲ့ ဗုံး (၄၈)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ် ကြေညာခဲ့သည့် အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ နောင်ချိုကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောင်တောတွင် ၂ ရက်အတွင်း စစ်အုပ်စု၏ မြေမြှုပ်မိုင်း ၁၂၈ လုံးကို အာရက္ခတပ်တော် ရှင်းလင်းခဲ့ဟု ဆို

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်အတွင်း စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၁၂၈ လုံးကို AA က ရှင်းလင်းနိုင်ခဲ့တယ်လို့ အာရက္ခမင်းသမီး မီဒီယာ သတင်းဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။