Myingyan Black Tiger (MBT) မှ 5.56ကျည်သုံးကာဘိုင်အမျိုးအစားသေနတ်ထုတ်လုပ်နိုင်ခဲ့ ပြီဖြစ်ကြောင်း ပြည်သူများအသိပေးလိုက်ပါတယ်။
အဲဒီကာဘိုင်သေနတ်ကို ရှေ့တန်းစစ်မျက်နှာပြင်မှာ ကျည်ရှားပါးမှုဖြစ်ပေါနေတဲ့ ရဲဘော်တွေအတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ရှေ့တန်းရောက်ရဲဘော်တွေကိုင်ဆောင်တဲ့ အိန္ဒိယ ၉ လုံးသေနတ်တွေနေရာမှာ အစားထိုးအသုံးပြုသွားမှာဖြစ်တယ်လို့ Myingyan Black Tiger (MBT)ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။
သေနတ်ဟာ ပေါ့ပါးမှုရှိပြီး မီတာ ၁၀၀ အတွင်း ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်တယ်လို့ သိရပါ တယ်။
မြို့သိမ်းတိုက်ပွဲဆင်နွဲရန်အသင့်ဖြစ်နေတဲ့ ရဲဘော်တွေအတွက် End Point ကမ်ပိန်းကိုလည်း ဆက်လက်ကူညီထောက်ပံ့ပေးကြဖို့ Myingyan Black Tiger (MBT) တပ်ဖွဲ့မှ မိဘပြည်သူများထံ မေတ္တာရပ်ခံထားပါတယ်။
0 Shares:
You May Also Like
Read More

ဘုတလင်မြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိ အကြမ်းဖက် ဘီလူးစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄၃ ယောက် ဖမ်းဆီးရမိပြီး ၃၅ ယောက်သေဆုံးကာ လက်နက်အများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စက်တင်ဘာ ၃၀ ရက်က အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဘုတလင်-ကူတော် လမ်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ BOB - Battalion Of Budalin တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အလုပ်သမားထုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်နေမှုများကို အရေးယူပေးဖို့ တောင်းဆို (ရုပ်/သံ)

ရန်ကုန်မြို့မှာ မတ်လ ၁၀ ရက် မနေ့က မြေပြင်သပိတ်အင်အားစုတွေဟာ “ILO A 33 MYANMAR 2025 “ စာသားပါ အင်္ကျီတွေ ဝတ်ဆင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အလုပ်သမားထုအပေါ် ဖိနှိပ်နေမှုတွေကို အရေးယူပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သာစည်ရွာမှ ကျောက်စစ်ပုံအမြောက်တပ်သို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ မုံရွာမြို့နယ် သာစည်ရွာမှာ ကျောက်စစ်ပုံအမြောက်တပ်သို့ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး
Read More

မြိတ်မြို့ဘက်မှ အမတ ၃၀၆ တပ်ရင်းသို့လာသည့် စစ်ကားကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက်သေခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။