ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၀၀ နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)နိုဝင်ဘာ ၉၊ ၂၀၂၄မကွေးတိုင်း ပခုက္ကူမြို့နယ် ရွှေတန်းတစ်အနီး ကွန်းရွာနဲ့ ဆင်မင်းရွာသို့ ပခုက္ကူ ၁၀၁ မှ စစ် ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ကို နိုဝင်ဘာ ၆ ရက်က Fixed Wing Drone ၆ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ၆၀ မမ လက်နက်ကြီးတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။အကြမ်းဖက်စစ်သားတွေဘက်က ဒရုန်းတွေနဲ့ လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့ပြီး ပခုက္ကူ ၁၀၁ လက်အောက်ခံ ၂၅၉ တပ်ရင်းမှ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။အဲဒီတိုက်ခိုက်မှုကို ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူမြို့နယ် ပကဖ၊ PKU N PDFရေစကြိုမြို့နယ် ပကဖ၊ မန္တလေးတိုင်း ပြည်ကြီးတံခွန် ပကဖ၊ မဟာတပ်ဖွဲ့ မတ္တရာ ပကဖ၊ဧရာဝတီမင်းသားပြောက်ကျားတပ်၊ Bright Star group၊ NY Local PDFနဲ့ Anyar Reagional Youth Guerrilla Force အဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် “No Vote” လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်က လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ "No Vote" လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ GTC တွင် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားများ ဝင်‌ရောက်ပစ်ခတ်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းမျိုးဆက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် Lion Battalion Commando ထုတ်ပြန်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် Lion Battalion Commando စစ် ကြောင်းက ဇန်နဝါရီ ၁၀ ရက် က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကနီနဲ့ မင်းကင်းမြို့နယ်အကြားမှာ စစ်ကောင်စီရေယာဉ်အုပ်စုကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက် (ရုပ်/ သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြားမှာ စစ်ကောင်စီရဲ့ ရေယာဉ် ၉ စီးအုပ်စုကို စက်တင်ဘာ ၁၈ ရက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၂ ထံက သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းသိမ်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တော်လှန်ရေးပူးပေါင်းတပ်များကို အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေကို ကိုကျော်သက်လင်းနဲ့ Black Panther Column ရဲဘော်တွေက လက်နက်ချအလင်းဝင်ရောက်ဖို့ ဖိတ်ခေါ် (ရုပ်/သံ)

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်မြင်သံကြား CDM အရာရှိ ကိုကျော်သက်လင်းနဲ့ Black Panther Column ရဲဘော်တွေက စစ်ကောင်စီတပ်သားတွေ လက်နက်ချအလင်းဝင်ရောက် ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ "သင့်အသက်မဆုံးရှုံးခင် မှန်ကန်တဲ့လမ်းကိုရွေးချယ်ပါ။ စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ကျားသစ်နက်စစ်ကြောင်းက သင့်ကို ကြိုဆိုလျှက်ရှိသည်''လို့ Black Panther Column မှ Facebook စာမျက်နှာမှရေးသားမျှဝေထားပါတယ်။