မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကအပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၉ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ ပေါက်မြို့နယ်၊ တောင်ပိုင်းက သရက်လေးပင်ရွာကို တံတားဦးလေဆိပ်တက် Yak-130 ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ပေါက်အခြေစိုက် ကပစ ၂၄ အနီးကနေ ၈၁မမ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့သလို၊ ဒရုန်းနဲ့ ဗုံးသီး၃လုံးလည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် သရက်လေးပင်ကျေးရွာထဲက နေအိမ် ၅လုံး ထိခိုက်ပျက်စီးပြီးအရပ်သား၂ယောက် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရကာ နွား ၆ကောင်သေဆုံးခဲ့ကြောင်းသိရပါတယ်။
မျိုးလေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် အခုလိုကာလမျိုးမှာ ပေါက်မြို့နယ်ထဲ ပွဲလမ်းသဘင်အခမ်းအနားတွေလို လူစည်းကားတာမျိုးတွေ သတိထားပြုလုပ်ကြဖို့ကိုလည်း တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။
ပုံစာ- စစ်ကောင်စီတိုက်ခိုက်ခဲ့တဲ့ သရက်လေးပင်ကျေးရွာမြင်ကွင်း၊ (ဓာတ်ပုံ- ပေါက်ပကဖ၊ Successful Force – Pauk)
0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများအား ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း 5/Fighter Group Local PDF သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမျိုးသမီးကိစ္စကြောင့် နယ်ကျွံမိတဲ့ နယ်ထိန်းရဲ ပစ်ခတ်ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ  အမျိုးသမီးကိစ္စနဲ့ ကျွံဝင်လာတဲ့ နယ်ထိန်းရဲ ၁ယောက်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း TTA-People Defense Force က ထုတ်ပြန်ထားပါတယ်။
Read More

သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ကလေးငယ်တွေအပါ ၁၃ ယောက်ထက်မနည်းသေဆုံးပြီး ၂၃ ယောက်ထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေ ကြဲချခဲ့ရာ ကလေးငယ်တွေအပါ ပြည်သူ ၁၃ ယောက်သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မတရား စစ်မှုထမ်းစေခိုင်းခံရသူ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်တပ်ထဲ မတရား သွတ်သွင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ လက်နက်ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။
Read More

ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ မကြောက်ဘူးဟု စိန်ခေါ်သည့် စစ်တပ်သတင်းပေး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။