Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြုလုပ်ထားတဲ့ End Point ကမ်ပိန်းကို သတ်မှတ်ကာလ တစ်လ ထပ်တိုးသတ်မှတ်ထားတယ်လို့ MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြည်သူတွေထံ အသိပေးလာပါတယ်။

ကမ်ပိန်းကာလကို နိုဝင်ဘာ ၆ ရက်အထိ သတ်မှတ်ထားပေမယ့် ကမ်ပိန်း ၄၀ ရာခိုင်နှုန်းသာ ရရှိသေးတဲ့အတွက် ကျန်ရှိနေတဲ့ ၆၀ ရာခိုင်နှုန်းကို ပြည့်မီဖို့ ဒီဇင်ဘာ ၆ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ထားတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

တော်လှန်ပြည်သူတွေအနေနဲ့ ပြင်းထန်တဲ့ လှိုင်းလုံးတစ်လုံးဖြစ်ပေါ်ပြီး မြို့သိမ်းတိုက်ပွဲတွေ မြင်တွေ့နိုင်ဖို့ End Point ကမ်ပိန်းရဲ့ ကျန်ရှိနေတဲ့ ၆၀ ရာခိုင်နှုန်းကို ကူညီထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေ အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ်ရှားမှု မှတ်တမ်းရုပ်သံ

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေရဲ့ ၂၀၂၂ခုနှစ်မှ၂၀၂၄ ခုနှစ်အတွင်း လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်ဝစေဖို့ စစ်ရေး၊ နိုင်ငံရေး အသိပညာတိုးပွားကျယ်ပြန့်စေရန် ရည်ရွယ်ပြီး အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ် ရှားမှု မှတ်တမ်းရုပ်သံကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မဟာအောင်မြေမြို့နယ်အတွင်း ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ဖောက်ထွင်းခံရပြီး ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းတွေ ခိုးယူခံရတယ်လို့ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်တွင် လမ်းကင်းယူဖို့လာသည့် စစ်ကောင်စီတပ်သားများ ဗုံးသီးကြဲချခံရပြီး တပ်ကြပ်ကြီး ၁ ဦး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာထဲမှာ လမ်းကင်းယူဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီပကဖ ဇုန် ၃ အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့မရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ၅ ဆိုင်းနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော်ထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းက မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာကို ထပ်မံစစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။