ရခိုင်ပြည်နယ် အမ်းနဲ့ ဂွမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AAက ထပ်မံသိမ်းပိုက်လိုက်ပြီး ရက်ပိုင်းအတွင်းမှာ  ဂွမြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း  စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည် အမ်းမြို့က တပ်ရင်းနှစ်ခုနဲ့ ဂွမြို့နယ်က တပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် AA က နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဂွမြို့နယ်က တိုင်ကျိုးတပ်စခန်းနဲ့  ပုဂံတောင်တပ်စခန်းကို နိုဝင်ဘာလ ၅ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းတွင် AA က သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါ့အပြင် အမ်းမြို့နဲ့  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီးက စွေ့ချောင်းဗျူဟာနဲ့ မဲတောင်ဗျူဟာကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။

ဂွမြို့နဲ့ အနီးဆုံးကျိန္တလီဒေသကိုလည်း ထိန်းချုပ်ထားပြီဖြစ်တာကြောင့် ရခိုင်ပြည်နယ်နဲ့ဧရာ၀တီနယ်စပ်က ဂွမြို့ကို ရက်ပိုင်းအတွင်း ထိုးစစ်တွေ ရောက်ရှိနိုင်ပြီး သိမ်းပိုက်ထိန်းချုပ်နိုင်မယ့် သဘောရှိကြောင်း ဒေသခံ တွေက ဆိုပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကိုလည်း အဘက်ဘက်က ပိတ်ဆို့ထိန်းချုပ်ထားပြီး တပ်စခန်း အများစုကိုလည်း ဆက်တိုက်သိမ်းပိုက်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီတွေ ရာနှုန်းပြည့်ရောက်ဖို့ လုပ်ဆောင်မည်ဟု NUG အသိပေး

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီရာနှုန်းပြည့် ရောက်ရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  NUG ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေဦးနှင့် ဒီပဲယင်းကိုတက်မည့် စစ်တပ်စစ်ကြောင်း ဘုတလင်တွင် ရက် ၂၀ ကြာ ပိတ်မိပြီး နမခကို ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရက် ၂၀ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက မောင်းကို ပြောပါတယ်။
Read More

မြိုင်မှာ အထိနာထားတဲ့စစ်အုပ်စု ရွာထဲ စစ်ကြောင်းဝင်မီးရှို့နေလို့ အရပ်သား ၂ ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဝက်ပုတ် ပျူစောထီးရွာကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်အောကျေးရွာကြားတို့မှာ စစ်ကောင်စီတပ်နဲ တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄၅)လုံး၊ လက်နက်ကြီး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါရောက် စစ်ရှောင်များကို တအာင်းအမျိုးသမီးအဖွဲ့အစည်း စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က လိုအပ်တဲ့ စားနပ်ရိက္ခာတွေ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။