မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စရဖတွေနဲ့ ပေါင်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူတွေ ပစ်ခတ်ရှင်းလင်းခံရပြီး ၂ ယောက်သေဆုံးကြောင်း 21 Bagan-People Defense Force ထံက သိရပါတယ်။

နိုဝင်ဘာ ၆ရက်၊ ညပိုင်းက ညောင်ဦးမြို့နယ်၊ မြို့လှကျေးရွာက အရက်ဆိုင်မှာ အရက်ထိုင်သောက်နေတဲ့ ကျော်ကျော်ဟန်၊ စိုးမင်းဦးနဲ့ နေအောင်ဆိုသူတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ရှင်းလင်းရာ ကျော်ကျော်ဟန်နဲ့ စိုးမင်းဦးတို့ နေရာမှာတင် သေဆုံးခဲ့ပြီး နေအောင်ဆိုသူကတော့ လက်ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ပုံမှန် ည ၉ နာရီခွဲလောက်ဆို အဲ့အရက်ဆိုင်မှာ သူတို့ဝင်သောက်မှန်းသတင်းရထားတာကြာပြီ။ အဲ့ဒါနဲ့ ၆ရက်နေ့ညမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ နေအောင်ကတော့ မသေဘဲ လက်ပဲပြတ်ပြီး ထွက်ပြေးသွားတာ နောက်ကလိုက်ဖို့ကြိုးစားပေမယ့် လုံခြုံရေးအရ ပြန်ပဲ ဆုတ်ခဲ့လိုက်ပါတယ်။လို့ 21 Bagan-People Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ကျော်ကျော်ဟန်နဲ့ စိုးမင်းဦး

သူကပဲဆက်လက်ပြီးဒီလူတွေက စရဖတွေနဲ့ပေါင်းပြီး ညောင်ဦးခရိုင်ထဲက ရွာတွေမှာ စစ်မှုထမ်းစာရင်းကောက်ပေးတယ်။ ပိုက်ဆံတောင်းတယ်။ လုပ်ချင်သလိုလုပ်တယ်။ သူတို့လုပ်ရပ်တွေကို သတင်းပို့ရင် ပို့တဲ့ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်တာတွေရှိခဲ့ပါတယ်။ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့်လည်း လက်မခံခဲ့ပါဘူး။ ပြည်သူတွေကို ဆိုးဆိုးရွားရွားလုပ်ခဲ့တဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေရှိလို့ အခုလို ရှင်းခဲ့ရတာပါ။လို့ပြောပါတယ်။

ဒီပစ်ခတ်ရှင်းလင်းမှုကို ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ ၃ ( 21 Bagan People Defense Force)နဲ့အတူ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့ (DYT) Black Eagle အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နယ်စပ်ကုန်သွယ်ရေးစခန်းအများစု တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်နေချိန် တရုတ်နဲ့ ကုန်သွယ်မှုတိုးမြှင့်မယ်လို့ မင်းအောင်လှိုင်ပြော

တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ထဲရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တရုတ်နဲ့ကုန်သွယ်မှု အရှိန်တိုးမြှင့်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် မြို့နယ် ပကဖ မှ လမ်းပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ လမ်းပိုင်းတစ်နေရာကို ဇူလိုင်လ ၂၉ ရက်မှာ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က လမ်းခင်းခြင်း၊ လမ်းပြုပြင်ခြင်း စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
Read More

မြိုင်နှင့်ပေါက်အစပ် ဝင်ရောက်နေသည့် စစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး မြိုင်ပကဖထံ သေနတ် ၃ လက်နှင့် အလင်းဝင်

မကွေးတိုင်း၊ မြိုင်နဲ့ပေါက်အစပ်မှာ ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းထံက စစ်ကော်မရှင်တပ်သား ၃ ယောက် သေနတ် ၃ လက်နဲ့ ကျည်ဆံတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။