ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဇီးကုန်းရွာထဲမှာ အထိုင်ချပြီး အနီးတဝိုက် ကျေးရွာတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီ အမြောက်တပ်က အကြမ်းဖက်စစ်သားတွေဟာ ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နောက်ဆုတ်ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင့်တပ်တော် AA က ဂွမြို့နယ်နဲ့ အမ်းမြို့နယ်တွေမှာ ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး တပ်စခန်းတွေ တစ်ခုပြီးတစ်ခု သိမ်းပိုက်ရင်း ဂွမြို့နယ်အနီးကို ရောက်လာလို့ အမြောက်တပ်က အကြမ်းဖက်စစ်သားတွေ ထွက်ပြေးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကတော့ ဒီရက်ထဲ ဆက်တိုက်ဖြစ်နေတာပဲ။ အကြမ်းဖက်စစ်တပ်စခန်း အတော်များများနဲ့ လက်ရုံးတပ်တွေကို အရက္ခတပ်တော် AA က သိမ်းပိုက်တာတွေလည်းရှိတယ်။ မနက်ကလည်း ဂျိုင်းကောက်ရွာအဝင်နဲ့ သရက်တောင်ဘက်မှာတိုက်ပွဲတွေဖြစ်နေတယ်လို့ဂွမြို့ဒေသခံတစ်ယောက်ကမောင်းကိုပြောပါတယ်။

ပိန္နဲကုန်းနဲ့ ဇီးကုန်းကျေးရွာက ဒေသခံတွေကတော့ မနက်မိုးလင်းကတည်းက စစ်ဘေးရှောင်နေကြတယ်။ မကြာခင် ရခိုင့်တပ်တော် AA က အဲဒီကျေးရွာတွေအထိ ထိုးစစ်ဆင်လာနိုင်တယ်။ အကြမ်းဖက်စစ်တပ်ကလည်း တာဝေးပစ်ဒုံးတွေ အမြောက်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့က တပ်ရင်းနှစ်ခုနဲ့ ဂွမြို့နယ်က တပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် AA က နိုဝင်ဘာလ ၆ ရက်နေ့မှာ သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဂွမြို့နဲ့အနီးဆုံး ကျိန္တလီဒေသကိုလည်း ထိန်းချုပ်ထားပြီဖြစ်တာကြောင့် ရခိုင်ပြည်နယ်နဲ့ဧရာ၀တီနယ်စပ်က ဂွမြို့ကို ရက်ပိုင်းအတွင်း AA ရဲ့ ထိုးစစ်တွေ ရောက်လာနိုင်ပြီး သိမ်းပိုက်ထိန်းချုပ်နိုင်မယ့် သဘောရှိကြောင်း ဒေသခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ ရေကြီးမှုနဲ့ စပါးပိုးကျရောက်မှု​တို့ကြောင့် ပြည်သူလူထု အခက်အခဲကြုံနေရ

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ စက်တင်ဘာ လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းလာရာ စက်တင်ဘာလ (၆) ရက်ကနေ (၁၀) ရက်နေ့အတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြည်သူတွေ ရေဘေး၊ မြေပြိုမှုဘေးနဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေ ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ရဲနှင့် ပျူ၏ မင်္ဂလာဆောင်ကို သွားသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့မှာ ဆိုင်ကယ်နဲ့ မင်္ဂလာဆောင်သွားတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၁ယောက် သေဆုံးကာ ၂ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံမြောက်ပိုင်းသား‌ပြောက်ကျားတပ်ဖွဲ့ (MNGF) က ထုတ်ပြန်ထားပါတယ်။
Read More

အထက်မင်းလှအရှေ့ခြမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက် ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။
Read More

US ရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ် နေအိမ်ရှေ့တွင် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနဲ့ တရုတ်သံအမတ်ကြီးနေအိမ်ရှေ့မှာ အ​မေရိကန်ရောက် မြန်မာပြည်သူတွေက မြန်မာပြည် တစ်ကျော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။