နယ်မြေဒေသ မငြိမ်သက်ဘဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာမှာ ဖောက်လုပ်မယ့် မူဆယ်မန္တလေးကျောက်ဖြူ ရထားလမ်းသစ်  စီမံကိန်းကို စတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားလိုက်ပါတယ်။

တရုတ်အစိုးရ၏ ရပ်ဝန်းနှင့် လမ်းမစီမံကိန်း Belt and Road Initiative (BRI) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသည့် မူဆယ်မန္တလေးကျောက်ဖြူရထားလမ်းသစ်စီမံကိန်းကိုနယ်မြေဒေသအခြေအနေပေါ်မူတည်ပြီးလုပ်ငန်းစတင်မယ်လို့မင်းအောင်လှိုင်ကတရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်မစ္စတာလီချန်းနဲ့တွေ့ဆုံစဉ်မှာပြောကြားလိုက်တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရကြား လက်မှတ်ရေးထိုးခဲ့တဲ့ စီမံကိန်းကို မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။

ရှမ်းမြောက်ဒေသနဲ့ရခိုင်ပြည်နယ်မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးနယ်မြေစိုးမိုးမှုမရှိတော့တဲ့စစ်ကောင်စီဟာတရုတ်နဲ့တွေ့ဆုံစဉ်မင်းအောင်လှိုင်ကပြောကြားလိုက်တာပါ။

စီမံကိန်းကို နိုင်ငံတကာတင်ဒါ၊ အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ကနဦး  ၂နိုင်ငံသဘောတူညီထားပြီး စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကြောင့်  လုပ်ငန်းတွေ လုံး၀မစတင်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နှင့်တရုတ်ဝန်ကြီးချုပ်တို့တွေ့ဆုံစဉ် (ဓာတ်ပုံ – စစ်ကောင်စီ)

တရုတ်နိုင်ငံ ကူမင်းကနေစတင်လာမယ့်ရထားလမ်းဟာ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှာ အဆုံးသတ်မှာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ မြန်မာအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်လာနိုင်မယ့် စီမံကိန်းကြောင့် တရုတ်က စောလျင်စွာ အကောင်အထည်ဖော်လိုတဲ့ စီမံကိန်းပဲဖြစ်ပါတယ်။

၇ထားလမ်းစီမံကိန်းကို  ဦးသိန်းစိန်အစိုး၇လက်ထက် ၂၀၁၁ ခုနှစ်မှာ နှစ်ဖက် အစိုး၇ကြား နှစ်ဖက်နားလည်မှု စာချွန်လွှာ (MOU)လက်မှတ် ရေးထိုးခဲ့ကြပြီး ၂၀၁၄ ခုနှစ်မှာ MOU သက်တမ်း ထပ်မတိုးခဲ့တဲ့အတွက် ရပ်နားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုး၇လက်ထက် ၂၀၁၉ ခုနှစ်မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုး၇ကြား လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ် ၃၃ ခုအနက် အဲဒီ၇ထားလမ်းစီမံကိန်းလည်း ပါဝင်ခဲ့ပါတယ်။

ကျောက်ဖြူကူမင်း ၇ထားလမ်းစီမံကိန်းဟာ တရုတ်အစိုးရ ရပ်ဝန်းနဲ့ လမ်းမစီမံကိန်း (BRI)ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ကုန်ကျမယ်လို့ ခန်းမှန်းထားတယ်လို့ သိ၇ပါတယ်။

ရခိုင်ဒေသက တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဟာ ဒေသခံပြည်သူတွေကို အကျိုးတစ်စုံတစ်ရာ မပြုတဲ့အပြင် မူလဘူတအလုပ်အကိုင်အခွင့်အလမ်း၊ သယံဇာတအရင်းအမြစ်၊ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေသာ ဖြစ်စေခဲ့တယ်လို့ ရခိုင်သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် သူတွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်မယ့်ကိစ္စ မျှမျှတတ လုပ်ဖို့ တရုတ်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဝရမ်းထုတ်ဖို့ကိစ္စမှာ တရားမျှတစွာနဲ့ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံက သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ကနေဒါက ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာပါတယ်။
Read More

မြန်မာလူငယ်များကို ပံ့ပိုးကူညီရေး ကုလသမဂ္ဂ အစည်းအဝေးတွင် ဖင်လန်နိုင်ငံ အလေးပေးပြောဆို

မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပံ့ပိုးကူညီဖို့ ဖင်လန်အနေနဲ့ ကတိပြုကြောင်း ဖင်လန်ပညာရေးဝန်ကြီးက ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ပြောဆိုခဲ့တယ်လို့ ScandAsia သတင်းဌာနက အောက်တိုဘာလ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်းမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့လို့ လွတ်မြောက်လာသည့် မြန်မာ ၉၉ ယောက် ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခံရ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၉၉ ယောက်ကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်တွင် ရက်ကျော်နေထိုင်သူတွေ များပြားနေမှုကြောင့် မြန်မာနိုင်ငံအပါ နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်

အမေရိကန်ကိုရောက်ပြီးနောက် ရက်ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ များပြားနေတာကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်လိုက်တယ်လို့ အိမ်ဖြူတော်က သမ္မတထရမ့် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်ကို မနေ့က ထုတ်ပြန်ပါတယ်။