တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်မှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ကာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကစလို့ အကြမ်းဖက်စစ်ကြောင်းဟာ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသက ၂၂ မိုင်နဲ့ ၁၉ မိုင် ကျေးရွာတွေမှာရှိတဲ့ အရပ်သား၂၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၁ ရက်နေ့မှာ အထက်ပါ အကြမ်းဖက်စစ်ကြောင်းကို  ပျံလွှား Local PDF က  မလိဝမ်း ကျေးရွာအနီး ဂေါရင်ချောင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရပြီးအထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေက အနီးအနား ဂေါရင်ချောင်းဘေးမှာရှိတဲ့ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂ ရက်နေ့မှာလည်း ဂေါရင်ချောင်းဘေးဝဲယာက အရပ်သားနေအိမ်တွေကို ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ကျနော်တို့ ဒေသမှာ မကြာခဏ ထိတွေ့မှုရှိနေတော့ စစ်ကြောင်းက ဝင်တာပေါ့။ အရပ်သားဖမ်းခံရတာလည်း မသင်္ကာလို့ ဖမ်းတာရှိသလို သတင်းပေးတွေရဲ့ ချောက်ချလို့ အဖမ်းခံရတာတွေလည်း ရှိတယ်။ တကယ်တော့ အဲဒီအဖမ်းခံရတဲ့ရွာတွေက သာမန်ပြည်သူတွေပဲ ရှိတာပါ။ အခုထိတော့ နောက်ဆက်တွဲသတင်း ဘာမှမသိရသေးပါဘူးလို့ ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ ထုတ်ပြန်ချက်

အခုလိုမျိုး စစ်ရေးတင်းမာနေတဲ့ ကော့သောင်းခရိုင်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက်ကိုလည်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။

နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှာ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အမှတ် ၄ ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဌေးဆိုသူကို သွားရောက်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ဝင်းဌေးအနေနဲ့ စစ်မှုထမ်းဥပဒေအတွက် ငွေကြေးတောင်းခံတာ၊ သန်းခေါင်စာရင်းကောက်ယူတာ၊ စစ်မှုထမ်းတပ်သားသစ် စုဆောင်းပေးတာနဲ့ ပုဂ္ဂိုလ်ရေးအဆင်မပြေသူတွေကို PDF နာမည်တပ်ပြီး ဖမ်းဆီးချောက်ချတာအပြင် တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းတွေကို စစ်တပ်ဆီ ပေးနေတဲ့အတွက် အကြိမ်ကြိမ်သတိပေးခဲ့ပြီး မရတဲ့အဆုံး ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ကော့သောင်း ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းစစ်သား ၄ ဦးကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းစစ်သား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်း (၄)နှစ်ကျော်အတွင်း အရပ်သား ၆၃၀၀ ကျော် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်အာဏာသိမ်း (၄)နှစ်တာအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် အရပ်သား ခြောက်ထောင်ကျော် (၆,၃၆၄) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၈,ဝဝဝ (၂၈,၇၁၂ ဦး) ကျော်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ရဲစခန်းနဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ၂၂ ယောက်သေ၊ ၁၇ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်အုပ်စုတွေရှိနေတဲ့ ဇဂျမ်းရဲစခန်းနဲ့ စစ်ကူလာတဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က တွဲဖက် ဗိုလ် ၁ယောက် အပါအဝင် ၂၂ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TTA-PDF) က ထုတ်ပြန်ပါတယ်။
Read More

အထက်မင်းလှ ပကဖရဲ့ အခြေခံစစ်ပညာ အပတ်စဥ် ၅ သင်တန်းမှာ စစ်မှုထမ်းရှောင်လူငယ်တွေ ပိုမိုပါဝင်လာ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အခြေစိုက် အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၅ စစ်သင်တန်းမှာ မင်းလှမြို့နယ်အပါအဝင် ထိစပ်နေတဲ့မြို့နယ်တွေက လူငယ်တွေ ပိုမိုပါဝင်လာတယ်လို့ အဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က မောင်းကိုပြောပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲနဲ့ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာက ပြန်လာတဲ့ PDF ရဲဘော်တွေကို ယင်းမာပင် ခရိုင်က ပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆို (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာနဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ယင်းမာပင်ခရိုင် အမှတ် ၁၀ တပ်ရင်း (ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့) က ရဲဘော်တွေကို ယင်းမာပင်ခရိုင်က ပြည်သူတွေ အောင်သပြေနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။