စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တက္ကသိုလ်ဝန်းထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ်ဂိတ်နဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားအယောက် ၂၀ ဝန်းကျင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ SAGAING PDF ထံက သိရပါတယ်။

နိုဝင်ဘာ ၄ရက်၊ မနက်အစောပိုင်းက စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာ ၊ စစ်ကိုင်းတက္ကသိုလ်ဝန်းထဲမှာရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တိုက်ပွဲနေရာကို စစ်ကူလာတဲ့ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က စစ်ကူယာဥ်တန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖြတ်တောက်မိုင်းဆွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုပြီးလို့ ပြန်ပြီးဆုတ်ခွါချိန်မှာလည်း တက္ကသိုလ်ဝန်းထဲက စစ်အုပ်စုတွေဆီ ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း SAGAING PDF က ပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုတွေကို SAGAING PDF နဲ့အတူ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်း ကျန်ရှိနေသေးတဲ့ စစ်ရေးပစ်မှတ်တွေကိုလည်း ဆက်ပြီး တိုက်ထုတ်သွားမယ်လို့ SAGAING PDF က ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ် မရိုးကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သားအဖ ၂ ယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မှော်ဘီလေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်၊ ဗိုလ်အပါ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီ လေတပ်ဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၉ ရက် မနေ့က ည ၇ နာရီလောက်မှာ အသေခံဒရုန်းနဲ့ သွားရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချပေးလိုက်တဲ့ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ဗျူဟာ ၄၂ တော်လှန်ရေးအဖွဲ့တွေ လက်ခံရရှိ

စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ဗျူဟာ ၄၂ တော်လှန်ရေးတပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှု စတင်ချိန်မှာပဲ အကြမ်းဖက်စစ်တပ်က သူတို့ရဲ့ စစ်သားတွေဆီ လေယာဉ်နဲ့ ပို့ပေးတဲ့ ခဲယမ်းတချို့နဲ့ စားနပ်ရိက္ခာတွေကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
Read More

ရိက္ခာရှာတဲ့ စစ်သားတွေကို ကြားဖြတ် တိုက်ခိုက်၊ ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကနေ ရိက္ခာရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) ထံက သိရပါတယ်။
Read More

အမြောက်တပ်ကို ဘယ်လိုသွားရလဲလို့ PDF တွေကို လာမေးတဲ့ စစ်ဗိုလ်လင်မယား အဖမ်းခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သုံးခွကျေးရွာအနီးမှာရှိတဲ့ PDF ဂိတ်စခန်းတစ်ခုကို လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား ၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

BPLA ကအညာဒေသအတွက် တပ်သားသစ်တွေကိုခေါ်ယူနေ

အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA က တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။