စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ နိုင်ဝင်ဘာ ၄ရက် ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ သူ့ရဲ့မိသားစုတွေ အသတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဦးဝင်းဌေးအပါအဝင် မိသားစု ၃ယောက်လုံးကို သူတို့ရဲ့ နေအိမ်အတွင်း ရက်ရက်စက်စက် ဝင်ရောက်သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ဦးဝင်းဌေးတို့ မိသားစု

မနက်ပိုင်းအပြင်ထွက်တာ မတွေ့လို့ သွားကြည့်တာ။ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာဗျ။ ဘယ်လိုအဖွဲ့အစည်းက သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူး။ ၃လသား ကလေးလေးဆိုရင် ဓားဒဏ်ရာတွေနဲ့ အပိုင်းပိုင်းခုတ်သွားတာ။ ဦးဝင်းဌေး အပါအဝင် သူ့အမျိုးသမီး ဒေါ် ခြိမ့်ခြိမ့်သဲဝေကော၊ ၃လပဲရှိသေးတဲ့ သမီးလေး ရွှေဝတ်ရည်လွှာတို့ကိုပါ ရက်ရက်စက်စက်သတ်သွားတာလို့ ဒေသခံအမျိုးသားတစ်ယောက်က မောင်းကိုပြောပါတယ်။

ဦးဝင်းဌေးက NUG အစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ ကနီမြို့နယ် ဘုတ်အဖွဲ့တာဝန်ခံ တစ်ယောက်ဆိုတော့ အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ သူတွေပဲ လုပ်ကြံသတ်ဖြတ်တာ ဖြစ်နိုင်တယ်။ တစ်ခုရှိတာက သူနေတဲ့အိမ်ကလည်း တပုန်းကျေးရွာရဲ့ အလယ်မှာဆိုတော့ သတ်တဲ့အဖွဲ့အစည်းနဲ့ လူတွေကို ခန့်မှန်းရခက်တယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ဦးဝင်းဌေးတို့ မိသားစုလိုက် ရက်စက်စွာ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးနဲ့ ပူးပေါင်းကာ အမှုမှန်ပေါ်ပေါက်အောင် ကြိုးပမ်းသွားမှာ ဖြစ်သလို ကျူးလွန်သူ၊ အမိန့်ပေးစေခိုင်းသူတွေကိုလည်း ဖော်ထုတ်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်းလေးပင်တွင် အကြမ်းဖက်စစ်ဗိုလ်များနှင့်ပေါင်းပြီး ဆက်ကြေးကောက်နေသည့် ရာအိမ်မှူးဟောင်း ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ဗိုလ်တွေနဲ့ပေါင်းပြီး အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ရာအိမ်မှူးဟောင်း ပျူစောထီး၁ယောက်ကို သွားရောက်ဖမ်းဆီးခေါ်ဆောင်ချိန် ပြန်လည်ခုခံဖို့ကြိုးစားတာကြောင့် နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ လုပ်ဆောင်ခဲ့တဲ့ 9 Stars UG အဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေပွေးက မောင်းကို ပြောပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ကျန်တဲ့တပ်ဖွဲ့ဝင်တွေ လိုက်လံကန်တော့ပြီး ထောက်ပံ့ကူညီခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ရှမ်းမန်း စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ကျန်ရှိတပ်ဖွဲ့ဝင်တွေက သီတင်းကျွတ်ကာလမှာ လိုက်လံကန်တော့ခဲ့တယ်လို့ DOUNG NI People Defence Force-DNPDF က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

ကန့်ဘလူမှာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုဖျက်သိမ်းပြီး ယောတပ်တော် (Yaw Army) နှင့် ပေါင်းစည်းကာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်သွားမည်

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။