စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကင်းတံခါးပေါက် လာပိတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးသွားကြောင်း ကြောင်လက်သည်းအဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၃ ရက် ညနေပိုင်းက ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတွေထဲက တချို့ဟာ ရွာတောင်ဘက်အထွက် လေးလမ်းဆုံနဲ့ မီတာ ၂၅၀ အကွာက ကင်းတံခါးပေါက်ကို သွားပိတ်နေတုန်း ကင်းပုန်းဝပ် တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို ရွာသာကြီးတိုက်နယ် ကြောင်လက်သည်း ဦးဆောင်တဲ့အဖွဲ့နဲ့အတူမီးတောက် Local pdf နဲ့ တွေ့မရှောင် Local အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်ပြီး ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာလည်း စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းနင်းမိပြီး ၃ ယောက်သေဆုံးကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။

(ဓာတ်ပုံ ကြောင်လက်သည်း)

အောက်တိုဘာ ၃၀ရက်၊ မနက်အစောပိုင်းက နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ နွားထိုးကြီးမြို့ပေါ် မရောက်ခင် ခက်လန်းရွာနားအရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ တိုက်မိုင်းကို နင်းမိခဲ့တာ ဖြစ်ပါတယ်။

ဒီမိုင်းတွေကို နွားထိုးကြီးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် ၄တပ်ရင်းနဲ့ အမှတ် ၁၀တပ်ရင်းတို့က တပ်ဆင်ထားတာလို့ သိရပါတယ်။

မိုင်းနင်းမိခဲ့တဲ့အတွက် စစ်ကြောင်းတစ်ခုလုံး ဖရိုဖရဲဖြစ်သွားကာ အနီးအနားကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပြီး ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကြောင်းအနေနဲ့ မြို့ကိုဆက်မတက်တော့ဘဲ လာခဲ့တဲ့ ပြင်စည်ကျေးရွာဆီကိုပဲ ပြန်ပြီးဆုတ်ခွာသွားတယ်လို့ မြင်းခြံခရိုင် အမှတ်၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

နွေဦးတော်လှန်ရေးမှာ ပြည်ပရောက် မြန်မာလူမှုအဝန်းအဝိုင်း၏ ပါဝင်ထောက်ပို့မှု အထူးအရေးပါကြောင်း NUG သမ္မတရုံး ပြောခွင့်ရ ပြောကြား

နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာကို ရောက်ရှိနေတဲ့ မြန်မာလူမှုအဝန်းအဝိုင်းရဲ့ ပါဝင်ထောက်ပို့မှုအခန်းကဏ္ဍက အထူးအရေးပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ​ပြောဆိုလိုက်ပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကြောင်း၂ခု ရှေ့ဆက်နိုင်ရန် စစ်ကောင်စီ လေကြောင်းပစ်ကူသုံး လမ်းရှင်းနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ပခုက္ကူမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေက ​ကမ္မမြို့နဲ့ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေပြီး လေကြောင်းပစ်အကူအညီတွေနဲ့အတူ ရှေ့ဆက်တက်ဖို့ကြိုးစားနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုပ်ဆောင်နေချိန် ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားထားရန် NUG ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့နဲ့ မြေပြင်မှာ ဖွင့်လှစ်ပညာသင်ကြားနေတဲ့ ကြားကာလပညာရေးကျောင်းတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ လုပ်ဆောင်နေချိန် ခေတ္တယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှ ငလျင်ဒဏ် ထိခိုက်ပြည်သူများကို ခွဲစိတ်ကုသမှုအပါ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက CDM အထူးကုဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။