စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တက္ကသိုလ်ဝန်းထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ်ဂိတ်နဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားအယောက် ၂၀ ဝန်းကျင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ SAGAING PDF ထံက သိရပါတယ်။

နိုဝင်ဘာ ၄ရက်၊ မနက်အစောပိုင်းက စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာ ၊ စစ်ကိုင်းတက္ကသိုလ်ဝန်းထဲမှာရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တိုက်ပွဲနေရာကို စစ်ကူလာတဲ့ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က စစ်ကူယာဥ်တန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖြတ်တောက်မိုင်းဆွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုပြီးလို့ ပြန်ပြီးဆုတ်ခွါချိန်မှာလည်း တက္ကသိုလ်ဝန်းထဲက စစ်အုပ်စုတွေဆီ ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း SAGAING PDF က ပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုတွေကို SAGAING PDF နဲ့အတူ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်း ကျန်ရှိနေသေးတဲ့ စစ်ရေးပစ်မှတ်တွေကိုလည်း ဆက်ပြီး တိုက်ထုတ်သွားမယ်လို့ SAGAING PDF က ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်များအား လာရောက်ထောက်လှမ်းသည့် ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့ဟု ဆို

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ စက်တိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးဖြစ်သူ အေးမျိုးအောင်ကို စစ်ဆေးနေစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

အုတ်ဖို၊ ပဲခူးရိုးမအစပ် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။
Read More

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ အပါအဝင် နိုဝင်ဘာလအတွင်း အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ ၁ယောက် အပါအဝင် အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသတွင်း လူ့အခွင့်အရေးချိူးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။ နိုဝင်ဘာလအတွင်း ရေးမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ တိုက်ခိုက်မှု (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ရာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ၊ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုဘက်က သေဆုံးသူ (၁၄) ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ (၅) ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့နေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Special Operation Group - SOG က ထုတ်ပြန်ထားပါတယ်။
Read More

လယ်ထွန်မည့် ပျူစောထီးများ ချုံခိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။