တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာပို့ကားတန်းကို  ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ  စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် (ပကဖ) ဆီက သိရပါတယ်။

နိုဝင်ဘာ () ရက် နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ ဇဝဲရွာအခြေစိုက် ၅၅၆တပ်ရင်းက စစ်သားတွေ လမ်းကင်းထွက် ယူနေတဲ့အချိန် ဘန်းလမွတ်ရွာလမ်းဆုံနားမှာ တနင်္သာရီ (ပကဖ) ဇုန် () က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား () ယောက်ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြိတ်ဘက်က တင်္နသာရီမြို့နယ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာပို့ကား()စီးကို ရမ်းဖိုရွာနဲ့ ချောင်းညီကိုရွာကြားမှာ တနင်္သာရီ ပကဖ ဇုန်()နဲ့ ပူးပေါင်းတပ်တွေက ညနေပိုင်းမှာ ထပ်မံမိုင်းဆွဲခဲ့ရာ စစ်သား()ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကော်ဘရာစစ်ကြောင်း ၂ (Venom Column) မှ စစ်သင်တန်းဆင်းရဲဘော်များကို ဘတ် ၅ သိန်းကျော်တန်ဖိုးရှိ စစ်ဝတ်စုံများ တပ်ဆင် (ဓာတ်ပုံသတင်း)

တောင်ပိုင်းစစ်ဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆင်နွှဲနေတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) ရဲ့ စစ်ကြောင်းမှူးက စစ်သင်တန်းဆင်းရဲဘော်တွေကို ဘတ်ငွေ (၅) သိန်းကျော် တန်ဖိုးရှိတဲ့ ကျည်ကာတွေနဲ့အတူ ဦးထုပ်၊ အီကွေ့မန့်တွေ တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ၊ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိသလို အရပ်သား သေဆုံးမှုများလည်းရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ  ၂ရက်ဆက်ဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိသလို စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

ကနီမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူ ၃ ယောက်အပါ ၅ ယောက် သေဆုံးမှု NUG ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကား ကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသားကျောင်းသူ ၃ ယောက်အပါ ၅ ယောက် သေဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ထားပါတယ်။
Read More

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်ထား အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အသိအမှတ်ပြု ဖိတ်ကြားတော့မှာလား

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) ကန ထိန်းချုပ်ထားကြောင်းကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်လာပါတယ်။
Read More

မြင်းမူတွင် စစ်ကောင်စီက ရွာ၂ ရွာကို အင်အားအလုံးအရင်းဖြင့် မီးဝင်ရှို့ရင်း အရပ်သား ၉ ဦးကိုပါ လူသားဒိုင်းလုပ် ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ခြေရာတော်ရွာနဲ့ ကြော့မင်းရွာတို့ကိုစစ်ကြောင်းဝင်မီးရှို့ကာ အရပ်သား ၉ ယောက်ကို လူသားဒိုင်းလုပ် ဖမ်းဆီးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကြောင့် အမျိုးသားတစ်ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။