စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဂန့်ဂေါမြို့မြောက်ပိုင်း၊ စိုင်ဒူးကျေးရွာဂိတ်မှာ လမ်းမှားဝင်ရောက််မိတဲ့ ချင်းအမျိုးသားကယ်ရီသမား ၁ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပြီး ခလရ ၅၀ တပ်ထဲ ခေါ်ဆောင်စစ်ဆေးတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ၁လ ကျော်အကြာမှာ အခုလိုမဟုတ်မမှန် သတင်းထွက်လာတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ယော PDF တပ်ဖွဲ့ဝင်တစ်ယောက် စတားလင့် ၆လုံးယူဆောင်ပြီး ဂန့်ဂေါတပ်နယ်ထဲ အလင်းဝင်ရောက်လာကြောင်း ရေးသားနေကြရာ ဒီဖြစ်စဥ်ဟာ မဟုတ်မှန်ကြောင်းနဲ့ အထင်လွဲစရာဖြစ်အောင် တမင်ဝါဒဖြန့်ထုတ်ပြန်နေတာ ဖြစ်ကြောင်း ယောအလင်းတန်းက ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ တမင်လွဲမှားဝါဒဖြန့်ထားပုံ

ချင်းအမျိုးသားပြောပြချက်အရ အဲ့နေ့က သူ့ကိုဖမ်းပြီး ခလရ ၅၀ထဲ ခေါ်စစ်တယ်။ သူက PDF မဟုတ်ဘဲကယ်ရီသမားမှန်းသိသွားတော့စတားလင့်တွေကိုသိမ်းပြီးလူကိုပဲပြန်လွှတ်ပေးလိုက်တယ်တဲ့။သိသလောက်ဆိုဂန့်ဂေါခရိုင်ထဲဘယ်တပ်ရင်းမှစတားလင့်၆လုံးပိုင်တာမျိုးမရှိပါဘူး။

ဘယ်အဖွဲ့ကမှလည်း ရဲဘော်တွေ ဒီလိုအဖမ်းခံရတယ်လို့မကြားမိဘူး။ ပြည်သူတွေနဲ့ PDF တွေ တစ်မျိုးထင်အောင် တမင်သတင်းဖြန့်တာပါ  လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို ပြောပါတယ်။

လက်ရှိ အဲဒီချင်းအမျိုးသားဟာလည်း တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ အချိတ်အဆက်ရကာ လုံခြုံတဲ့နေရာတစ်ခုကို ရောက်နေပြီလို့ သိရပါတယ်။

နှစ်ဖက် ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ ဂန့်ဂေါမြို့နယ်မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်လုနီးပါးဖြစ်နေသလို သုံးရလွယ်ကူတဲ့ စတားလင့်တွေကို တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်သားတွေ အဓိက အားထားနေကြရပါတယ်။

တစ်ဖက်မှာလည်း မလိုလားအပ်တဲ့ သတင်းစီးဆင်းမှုတွေကို ထိန်းချုပ်နိုင်ဖို့ စတားလင့်အသုံးပြုခွင့်တွေ ကန့်သတ်ထားတယ်လို့ သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့တွေက  ပြီးခဲ့တဲ့လတုန်းက ထုတ်ပြန်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

ကရင်နီပြည်နယ်၊ မော်ချီးဒေသက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂ ယောက်အထိ ရှိလာနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်လာပါတယ်။
Read More

နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည် တပ်ဖွဲ့) က အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲအတွင်း ခရီးသည်များ ပိတ်မိနေခဲ့၊ ၃ နှစ်သား က​လေးငယ်နှင့် မိခင်ဖြစ်သူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲအတု ကျင်းပရန် ရက်ပေါင်း ၃၂ ရက်အလိုတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမှုပိတ်သိမ်းတာ ကြေညာမည်ဟု စစ်ကော်မရှင်ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၃၂ ရက်သာလိုတော့ချိန်မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ရာဇသတ်ကြီးပုဒ်မ (၅၀၅-က) နဲ့ ကြားနာစစ်ဆေးနေဆဲအမှုတွေကို ပိတ်သိမ်းဖို့ ဒီနေ့ ည ၈ နာရီသတင်းအပြီးမှာ ကြေညာမယ်လို့ စစ်ကော်မ‌ရှင်ထုတ်ပြန်ပါတယ်။
Read More

KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ကော်ဘရာစစ်ကြောင်း ရှေ့တန်းနယ်မြေမှာ ပစ်ချထားတဲ့ ရဟတ်ယာဉ်ကို ကြည့်ရှုခဲ့

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်း ရှေ့တန်းနယ်မြေတွေဆီ သွားရောက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က ဓာတ်ပုံတွေနဲ့တကွ အသိပေး ဖော်ပြလာပါတယ်။