ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ တော်နော်ရေတံခွန်အနီးမှာ နိုဝင်ဘာလ ၄ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အောင်ဇေယျစစ်ကြောင်းလို့ နာမည်ခံခဲ့တဲ့ အကြမ်းဖက်စစ်တပ်က အာရှလမ်းပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

အာရှလမ်းပိုင်းမှာ ဖွဲ့စည်းပုံပျက်သွားပြီး  ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းက အင်အားဖြည့်ပြီး နယ်မြေစိုးမိုးဖို့ လုပ်ဆောင်လာနေလို့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ရတာ။ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၂ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်။ အကြမ်းဖက်စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဆိုတာက အမည်ခံပဲ ရှိတော့တာဗျ။ သေတာ ထွက်ပြေးတာ အလင်းဝင်ထားတာနဲ့ဆိုရင် ကုန်သလောက်ရှိနေပြီ။ နောက်ဆုံးဖမ်းဆီးရမိခဲ့တဲ့ စစ်သားတွေဆိုရင် အောင်ဇေယျစစ်ကြောင်းကပါလို့တောင် မပြောရဲတော့ဘူး။ အခုက စစ်သားသစ်တွေကို အင်အားဖြည့်ပြီး ထပ်တက်လာတာ.. လမ်းမှာ ထိပ်တိုက်တိုးလို့ တိုက်ပွဲဖြစ်တာလို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာလ နောက်ဆုံးအပတ်မှာပဲ အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်နေတာဖြစ်ပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆီဆိုင်နှင့် မောက်မယ်မှာ အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ဟု PNLA ပြော

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်မှာ အပစ်ရပ်ကာလအဖြစ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောက်ဥက္ကလာပ မြို့နယ်ခန်းမကို လက်ပစ်ဗုံးများ၊ ပြင်းအားမြင့် မိုင်းများဖြင့် မြို့ပြကြွက် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့နယ်ခန်းမကို ပြင်းအားမြင့်လက်ပစ်ဗုံးတွေ၊ လက်လုပ်မိုင်းတွေနဲ့ သွားရောက်တိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်လာလ ၆ရက် မနေ့ညပိုင်းမှာ မြို့ပြကြွက်ကွန်ယက်ရဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူနေတဲ့ ရဲတွေထိခိုက်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရထားတဲ့ ရဲ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက ပြောပါတယ်။
Read More

ယင်းမာပင် ပကဖ ရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရွှေမြို့နယ်ပကဖ မှ တိုက်နယ်ပကဖများကို MA 1 သေနတ် ၂ လက်နဲ့အတူ ယူနီဖောင်း၊ စစ်အသုံးအဆောင်များ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်နယ် (၆)ပကဖ တိုက်ခိုက်ရေးရဲဘော် (၂၂) ယောက်ကို ယူနီဖောင်း၊ ပွိုင့်ဖိနပ်၊ ဦးထုပ်၊ ခါးပတ်၊ ဘက်တံဆိပ်တို့နဲ့အတူ MA 1 သေနတ် (၂)လက်တို့ကို အောက်တိုဘာလ (၁၂)ရက် မနေ့က တပ်ဆင်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည် ရေဘေးသင့်ပြည်သူတွေကို Loikaw Local PDF က စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ကူညီ

Loikaw Local PDF ဟာ စက်တင်ဘာ ၁၆ ရက်က စလို့ ပြည်သူတွေဆီက ၅ ရက်တာ အလှူငွေ ကောက်ခံခဲ့ရာ ကျပ်သိန်း ၄၀ ရရှိခဲ့ပြီး ရေဘေးဒဏ်ခံစားနေရတဲ့ ကျေးရွာက အိမ်ထောင်စု ၁၀၂ စု စာကို ထောက်ံပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေဦးမြို့နယ် ပသုံးလုံးအဖွဲ့ ထောက်ပံ့…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ပျူစောထီး အကြမ်းဖက်စစ်ကြောင်းတို့ မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ ကျေးရွာတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ လုံခြုံရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပြည်သူတွေနဲ့အတူ စုပေါင်းပြီး သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။