စစ်ကိုင်းမြို့ဘက်ကနေ ထွက်လာတဲ့ ဆီဘောက်စာယာဉ် အစီး ၄၀၊ တွဲကား ၄ စီးနဲ့ သံပြားကာ ယာဉ် ၅ စီးကို နိုဝင်ဘာ ၄ ရက် ညနေပိုင်းက မအူမြေနဲကြားမှာ တော်လှန်ရေးတပ်တွေက စောင့်ဆိုင်းပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်သား အပြင်းအထန် ထိခိုက်သွားတယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့ ၊ The Birghtnessနဲ့ IDIOTS COLUMN အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုင်းကျေးရွာသို့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက စစ်ကြောင်း ထိုးလာပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့နယ် စမ်းကလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် စည်ဆွဲကျေးရွာအုပ်စု စမ်းကလေးကျေးရွာကို ဒီဇင်ဘာ ၁၆ ရက် မနေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနှင့် တွဲတွန်းသင်္ဘောအုပ်စုကို မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနဲ့ တွဲတွန်းသင်္ဘောအုပ်စုကို ရှေ့ထွက်မိုင်းတွေ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကျုံဒိုးမြို့နယ် သလွဲထော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ကိုရင် ၁ ပါး အပါအဝင် ပြည်သူ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် သလွဲထော်ကျေးရွာကို ဧပြီ ၁၈ ရက် မနေ့ကအကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက်သေဆုံးပြီး ကိုရင် ၁ ပါးအပါအဝင် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

နွားထိုးကြီးလမ်းတွင် စစ်အုပ်စု စီးနင်းလာသည့် ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁ ဦး သေပြီး သေနတ် ၃ လက် ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ဘက်နေ နွားထိုးကြီးလမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ Double Cap ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား လက်နက်ကြီးနှင့် လေကြောင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အငြင်းပွားမှု ပြဿနာကြီးထွားလာပြီး နှစ်ဖက်စစ်တပ်တွေက လက်နက်ကြီးတွေ၊ လေကြောင်းတွေ အသုံးပြုကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။