ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ရေးရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စစ်ရေးတင်းမာတဲ့ နေရာတွေအပြင် အရပ်သားပြည်သူတွေရှိတဲ့ လူနေရပ်ကွက်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိနေတယ်လို့ သိရပါတယ်။

လေယာဥ်နဲ့ နေ့စဥ်ဆိုသလို ဗုံးလာကြဲနေတာ။ သူတို့က လူနေရပ်ကွက်တွေနဲ့ စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာတွေကိုပါ ဗုံးကြဲနေတာ။ နေ့ရောညပါ မရှောင်ဘူးလို့ စစ်ဘေးရှောင်တစ်ယောက်က ပြောပါတယ်။

အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ နခခ ၅ နယ်ခြားစောင့်ဌာနချုပ်ကို ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေသလို မြို့အနီးဝန်းကျင်က စစ်ကောင်စီစခန်းတွေနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ကိုပါ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က နပခကို လေကြောင်းကနေ စစ်လက်နက် ရိက္ခာ ပို့ဆောင်မှုတွေလုပ်ခဲ့သလို အမ်းမြို့နယ်အတွင်း လေကြောင်းဗုံးကြဲမှုတွေပါ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် မောင်တောမြို့နယ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ဒေသခံအရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဂွမြို့နယ်မှာလည်း ဒီနေ့မနက်ပိုင်း ၅ကြိမ်နီးပါး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦး-ချောက်လမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ…

" သူတို့ဗိုလ်ကြီးပိုင်းအရာရှိတွေဆိုတော့ အထက်က သက်ဆိုင်ရာအဖွဲ့တွေကိုပဲ လွှဲပေးထားတယ်။ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်မှာပါ။" လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူးရှိ အင်္ဂါးကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်၊ ဆရာမ ၁ ဦးသေဆုံးပြီး ကလေးငယ်တွေအပါ အများအပြား ထိခိုက်ဒဏ်ရာရ…

" ပေါင် ၃၀၀ တွေ ကြဲသွားတာဖြစ်မယ်ဗျ။ ကျောင်းဝန်းထဲက ဝန်ထမ်းနေအိမ်တွေအပေါ် ၁ လုံးကျတယ်။ ကျောင်းဝန်းထဲ ၁ လုံးကျတယ်။ ဗုံး ၂ လုံးက ပေ ၃၀ အကွာကို တစ်ပြိုင်တည်း ကျတယ်ပြောရမယ်။ အတည့်ကျတဲ့အိမ်ကတော့ လုံးဝ ပျောက်သွားတယ်။ ဘေးကပ်လျက်အိမ်တွေလည်း အကုန်ထိ၊ မီတာ၁၀၀ ဝန်းကျင်က အိမ်တွေပါ မလွတ်ဘူး။ ကျောင်းနဲ့ဝန်ထမ်းအိမ်တွေက ပေ ၁၀၀ ကျော်ကျော်လောက်ပဲ ရှိတယ်​လေ။ ဗုံးကျတဲ့နေရာတွေဆိုလည်း အကျယ် ၁၀ ပေပတ်လည်နဲ့ ၁၀ ပေအနက်လောက်ရှိမယ့် ကျင်း ၁ ခု နဲ့ ၃ ပေအနက်လောက် ကျင်း ၁ ခု ဖြစ်သွားပါတယ်။" လို့ ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုက နည်းပညာရှင် လူငယ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အညာမြေတပ်ပေါင်းစု Drone Team ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီနေ့ (စက်တင်ဘာလ ၂ရက်) မှာ ထုတ်ပြန်လာပါတယ်။
Read More

နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုကို AA အကန့်အသတ်မရှိ ပိတ်၊ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ရှာဖွေရှင်းလင်းနေ

စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့ ရခိုင်ပြည်နယ်က နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင် တားမြစ်လိုက်တယ်လို့ AA ကထုတ်ပြန်ပါတယ်။
Read More

KNU ၏ နိုင်ငံရေးနှင့်စစ်ရေး ဦးဆောင်အကြံပေး စောထူးထူးလေး ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံရေးနှင့်စစ်ရေး ဦးဆောင်အကြံပေးပုဂ္ဂိုလ်​ဖြစ်သူ စောထူးထူးလေးဟာ မေလ ၁၇ ရက် မနေ့ညပိုင်းက ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။