ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သီဟဇော်ကို အာဂတိလိုက်စားမှုနဲ့ ပုသိမ်တိုင်းရုံးမှာ ခေါ်စစ်ဆေးရာကနေ နိုဝင်ဘာ ၂ ရက်မှာ မုံရွာမြို့ကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

အောက်တိုဘာလအတွင်း စစ်တပ်တိုင်းရုံးမှာ စစ်တပ်အရာရှိ ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတွေကို ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် မော်လမြိုင်ကျွန်းမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကို နယ်ပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ခေါ်စစ်နေတာတော့ တစ်လကျော်ကြာပြီ။ အာဂတိ လိုက်စားလို့တော့ပြောတာပဲ။ ဧရာဝတီတိုင်းထဲကမြို့နယ်တွေမှာ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွေ အာဂတိမလိုက်စားတာ ဘယ်သူရှိလို့လဲ။ ဧရာဝတီတိုင်းထဲမှာရှိတဲ့ စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေတောင် အာဂတိလိုက်စားနေတဲ့ဟာ။ အခုမှ အထူးအဆန်းလုပ်ပြီး အရေးယူပြနေသေးတယ်လို့ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

အပေါ်ကို ထိထိရောက်ရောက် မပေးနိုင်လို့နေမှာ။ မြို့နယ်တိုင်းမှာ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်နေတာလေ။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ပြောင်းလိုက်တာပဲရှိတာ။ လူတွေက ဒီလူတွေပဲ။ စစ်တပ်အာဏာသိမ်းပြီးနောက် ပိုတောင် ဆိုးနေသေးတယ်။ လူဖမ်းပွဲလုပ်ပြီး တောင်းစားတယ်။ ဆိုင်ကယ်တွေဖမ်းတယ်။ ခေါင်းစဥ်မရှိရင် နိုင်ငံရေးနဲ့ပတ်သတ်သူတွေလို့ စွပ်စွဲဖမ်းဆီး ငွေတောင်းစားနေတာပဲလေလို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

မြို့နယ် ၂၆ မြို့နယ်ရှိတဲ့ ဧရာဝတီတိုင်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေကိုပါ ထည့်ဖွဲ့ထားတာဖြစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ဗိုလ်မှူးတွေ ပေါင်းစားနေကြတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

မြိတ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က တိုက်တွန်းထားပါတယ်။
Read More

နိုင်ငံရေးမှာ ရိုးသားဖို့လိုပြီး မရိုးသားခြင်းရဲ့ ရလဒ်ကို မိမိတို့နိုင်ငံ ခံစားနေရတယ်လို့ မင်းအောင်လှိုင် တပြန်ကြီးပြော

နိုင်ငံရေးမှာ ရိုးသားဖို့ လိုအပ်ပြီး ရိုးသားမှုမရှိခြင်းရဲ့ အကျိုးဆက်ကို လက်ရှိမိမိတို့နိုင်ငံမှာ မြင်တွေ့နေရပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အောင်လံတွင် ပစ်ခတ်ရှင်းခံထားရသည့် စစ်တပ်ဒေါက်တိုင် ၂ ဦး၏ နေအိမ်များအား ချိတ်ပိတ်သွားမည်ဟု ပကဖ ပြော 

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်၂ယောက်ရဲ့နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းသွားဖို့ရှိတာကြောင့် ရောင်းဝယ်ဖောက်ကားခြင်းမပြုဖို့ အောင်လံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ဦး ဒဏ်ရာရ၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Voice Of Mandalay ထံက သိရပါတယ်။
Read More

ခမရ ၅၈၆ တပ်မှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၃ ဦးကို ရေးဘီလူး ထိန်းသိမ်းထား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခမရ ၅၈၆ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၃ ယောက်ကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။