သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကချင်အဖွဲ့အစည်း (KAV) က ကြီးမှူးကျင်းပပြုလုပ်ခဲ့တဲ့ Kachin IDP Fundraising Concert ကို  နိုဝင်ဘာလ ၂ ရက်က ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)

အခမ်းအနားမှာ NUG ဒုဝန်ကြီးက လက်ရှိ မြန်မာတစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် စုစုပေါင်း ၃ သန်းခန့် ရှိနေပြီး ကချင်ပြည်နယ်က စစ်ဘေးရှောင်အရေအတွက်မှာ () သိန်းကျော်ရှိနေသလို မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာနဲ့ယှဉ်ရင် အမြဲတမ်းမေ့ပျောက်နိုင်ငံလို ဖြစ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်အာဏာသိမ်းမှုဖြစ်စဉ်အပြီး မြန်မာ့အရေးကို နိုင်ငံတကာက ထဲထဲဝင်ဝင်လုပ်ဆောင်မယ့် အခြေအနေမျိုး ဖြစ်လာပေမယ့် ယူကရိန်းရုရှားအရေးဖြစ်ပေါ်လာတဲ့အတွက် နိုင်ငံတကာအာရုံစိုက်မှုဟာ အဲ့ဒီအပေါ် ဖုံးလွှမ်းသွားခဲ့သလို အခုအခါမှာလည်း အစ္စရေးနဲ့ ပါလက်စတိုင်း အရေးကြောင့် မြန်မာ့အရေးအပေါ် နိုင်ငံတကာအာရုံစိုက်မှု ပိုမိုမှေးမှိန်လာပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လုံလောက်စွာ မရရှိခဲ့ဘူးလို့ NUG ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)
(ဓာတ်ပုံ Ministry of Human Rights-NUG)

ပြည်ထောင်စုဖွား တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန်အသိအမှတ်ပြု ကူညီမှုတို့ကြောင့် နွေဦးတော်လှန်ရေးဟာ ဒီနေ့အချိန်ထိ ရပ်တည်လာနိုင်ခဲ့သလို ဆက်ပြီးတော့လည်း ပြည်ထောင်စုစိတ်ဓာတ်အပြည့်နဲ့ ပြည်ထောင်စုကို အတူတကွပိုင်ဆိုင်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်ကြဖို့ ဒုဝန်ကြီး ခွန်းဗထန်းဟန်က ပြောပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)
0 Shares:
You May Also Like
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ဗုံးကြဲခံရလို့ ပိတ်မိနေတဲ့ နောင်ပိန်ရွာထဲ စစ်အုပ်စု သတ်ဖြတ်မှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းမှာ ကျန်နေခဲ့တဲ့ ဒေသခံတွေကို ပစ်ခတ်ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီကို ILO အဖွဲ့ဝင်နိုင်ငံများမှ အမြန်ဆုံးအရေးယူပေးဖို့ တော်လှန်ညီနောင် ၄ ဖွဲ့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီကို  ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူပေးဖို့ ရန်ကုန်မြို့အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ ရေကြီးမှုနဲ့ စပါးပိုးကျရောက်မှု​တို့ကြောင့် ပြည်သူလူထု အခက်အခဲကြုံနေရ

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ စက်တင်ဘာ လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းလာရာ စက်တင်ဘာလ (၆) ရက်ကနေ (၁၀) ရက်နေ့အတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြည်သူတွေ ရေဘေး၊ မြေပြိုမှုဘေးနဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေ ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

တိုင်းပြည်ကို (၈) ကြိမ်မြောက် အရေးပေါ်အခြေအနေ ကြေညာကာ ၆ လ သက်တမ်းတိုးဦးမည့် စစ်ကောင်စီ 

နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြိမ်ကြိမ် ၆ လ တိုးမြှင့် သတ်မှတ်လာခဲ့မှုဟာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ ထပ်မံကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
Read More

ရေး၊ ကျုံလောင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အနီးအနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။