လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu In London နွေဦးတော်လှန်ရေး တစ်ကိုယ်တော် ဂီတရန်ပုံငွေ ဖျော်ဖြေပွဲကနေ ရန်ပုံငွေဒေါ်လာ တစ်သိန်းခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂ ရက်က ပြုလုပ်ခဲ့တဲ့ အဲ့ဒီဖျော်ဖြေပွဲကနေ ရရှိတဲ့ရံပုံငွေတွေကို NUG အစိုးရကတစ်ဆင့် စစ်ဘေးရှောင်စခန်းတွေနဲ့ NUG ဆေးကျောင်းတို့ကို လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ SaiNaung Kham’s Facebook)

နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်က ရပ်တည်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းဟာ လူ ၁၂၀၀ ခန့် လာရောက်ခဲ့တဲ့ အဲ့ဒီ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲအတွက် အနုပညာကြေး လုံးဝမယူဘဲ သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

ရန်ပုံငွေဖျော်ဖြေပွဲမှာ ဖြူဖြူကျော်သိန်းနဲအတူ တွဲဖက် တီးခတ်ပေးထားတဲ့ ကရင်၊ ချင်း၊ ကချင်၊ ရှမ်း လူမျိုးပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားတဲ့ UK အခြေစိုက် The Federal Music Band ကလည်း မေတ္တာနဲ့ ကူညီတီးခတ်ပေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ SaiNaung Kham’s Facebook)
(ဓာတ်ပုံ SaiNaung Kham’s Facebook)
0 Shares:
You May Also Like
Read More

ဒီပဲယင်း စစ်ဆင်ရေးမှာ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းတာဝန်ခံတစ်ယောက်ကို ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းတာဝန်ခံ စစ်သားတစ်ယောက်ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အမေရိကန်က ပြည်ပအကူအညီ ပေးအပ်မှု ၃ လတာ ရပ်ဆိုင်းပြီးနောက် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းအားလုံး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီတွေအားလုံး ရက်ပေါင်း ၉၀ ယာယီ ရပ်ဆိုင်းလိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်တန့်လိုက်ရတယ်လို့ ဒုက္ခသည် အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်…

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဧပြီလ (၂)ရက်ကနေ (၂၂)ရက်အထိ အပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၅ ဦး တိုက်ခိုက်ခံရပြီး ၃ ဦး သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ် ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။