အကြမ်းဖက်စစ်သားတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကို သူ့ဘာသာနင်းမိပြီး နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် အမှတ် ၅၀ ခြေလျင်တပ်ရင်း (ခလရ ၅၀) က စစ်သားတစ်ယောက်ဟာ မနေ့က နိုဝင်ဘာ ၃ ရက်မှာ ကြက်လိုက်ဖမ်းရင်း တပ်ခြံစည်းရိုးနားမှာ ကိုယ့်မိုင်းကိုယ်နင်းမိပြီး ထိခိုက်ဒဏ်ရာရရာကနေ ဒီမနက်မှာ သေဆုံးသွားခဲ့တာပါ။

အခုနောက်ပိုင်း မြို့ပေါ်အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်တပ်က ခံစစ်တွေပြင်ဆင်တာ။ အတားအဆီးတွေ ပြုလုပ်ထားရုံမကပဲ ခြံစည်းရိုးတွေမှာပါ မိုင်းကွင်းချတာတွေ လုပ်ဆောင်နေတာပါ။ သူတို့ထောင်ထားတဲ့မိုင်း သူတို့ဘာသာနင်းမိတာလို့ ခလရ ၅၀ နဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တပ်ထဲမှာ နောက်ချန်အင်အား မထားနိုင်တော့တဲ့အတွက် အိမ်ထောင်သည် စစ်သားတွေရဲ့ မိန်းမတွေကိုပါ ကင်းစောင့်ခိုင်းနေရတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ဒါ့အပြင် မြို့ပေါ်တွေမှာလည်း လုံခြုံရေးကင်းလှည့်ဖို့အတွက် ပျူစောထီးတွေ၊ စစ်မှုထမ်းဟောင်းတွေကို အခကြေးငွေပေးပြီး ခေါ်ယူအသုံးပြုနေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းတွင် မေလအတွင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို လုပ်ကြံရှင်းလင်းမှုအပါ စစ်ရေးဖော်ဆောင်မှု ၈ ကြိမ် လုပ်ဆောင်ခဲ့

ရန်ကုန်တိုင်းမှာ မေလအတွင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို လုပ်ကြံရှင်းလင်းမှုအပါအဝင် စစ်ရေးဖော်ဆောင်မှု ၈ ကြိမ် ရှိခဲ့တယ်လို့ Operation Flame အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ပြည်သူတွေ အနွေးအင်္ကျီတွေအပါ အဝတ်အထည်တွေ လှူဒါန်းထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို တော်လှန်ပြည်သူတွေက အနွေးအင်္ကျီအပါအဝင် အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လူငယ်ထုကို ချနင်းကာ အာဏာတည်ဆောက်နေသည့် စစ်အုပ်စုကို တော်လှန်ဖို့အတွက် NUG နှင့် NUCC ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် GSCB အကြံပြု

တရုတ်နိုင်ငံအပါအဝင် အိန္ဒိယ၊ ရုရှား၊ ဘီလာရုစ်နိုင်ငံတို့ကို ကျောထောက်နောက်ခံပြုပြီး လူငယ် ၇၀၀၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က အကြံပြုတိုက်တွန်းထားပါတယ်။
Read More

ရန်ကုန်တွင် စစ်အုပ်စုနှင့် အပေါင်းအပါများ လမ်းပေါ် ထိုးကြိတ်ဖမ်းခေါ်သည်အထိ ပေါ်တာဆွဲမှုများ ဆိုးရွားလာ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်တွေပါမချန် ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်ရင်း စစ်မှုထမ်းစျေးကွက်ကို ဆိုးဆိုးရွားရွားလုပ်ဆောင်လာကြကြောင်း Rangoon Scout Network တာဝန်ရှိသူမှ မောင်းကိုပြောပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

ဟုမ္မလင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ် SNA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။