မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂ ရက် မနက်ပိုင်းက ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ခြောက်ကန်ကျေးရွာ အနောက်ဘက်တောထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေခဲ့ရာ အင်ပင်‌ကျေးရွာနဲ့ ကိုးပင်ရွာကြားမှာရှိတဲ့ ရေနံချက်စက်ရုံဘက်သို့ ရောက်လာချိန် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေဟာ အထည်ချုပ်စက်ရုံထဲသို့ ဝင်ရောက်သွားတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ ရှောင်ရှားနေထိုင်ကြဖို့ တော်လှန်ရေးတပ်က အသိပေးနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိသားစုနဲ့ကွဲပြီး အာဟာရပြတ်နေသည့် အဘွားအိုကို PDF ရဲဘော်များ ဘေးကင်းရာသို့ ပို့ဆောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် တိမ်းရှောင်ရင်း မိသားစုနဲ့ကွဲကာ အာဟာရပြတ်ပြီး လဲနေတဲ့ အဘွားအိုတစ်ယောက်ကို ဘေးလွတ်ရာသို့ ဆောင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၇ တပ်ရင်း ရဲဘော် ၁ ယောက်က ၎င်းရဲ့ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

နွားထိုးကြီးတွင် ဌာနဆိုင်ရာရုံးများ ပြန်ဖွင့်ရန်လာသည့် Non-CDM များလိုက်ပါရာ စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်ပြန်လှည့်ပြေး (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဌာနဆိုင်ရာရုံးတွေ ပြန်လည်ပတ်နိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို လိုက်ပါပို့ဆောင်တဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်တပ်နှင့် ၃ ရက်ကြာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်မှ ၁ ယောက် သေ၊ ၅ ယောက် ဒဏ်ရာရကာ ဆုတ်ခွာထွက်ပြေး (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မြေနက်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေအပေါ် အနိုင်ကျင့်ရမ်းကားနေတဲ့ ရှမ်းတပ်ရဲတပ်စခန်းအား ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ ပူးပေါင်းစခန်းချထားတဲ့ ရှမ်းတပ် ရဲစခန်းအား ဇန်နဝါရီ ၂၉ ရက်က ညနေ ၅ နာရီဝန်းကျင်ခန့်က ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army - USBA ထံက သိရပါတယ်။
Read More

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရမုတ်ဖြင့် ထိန်းချုပ်နိုင်သည့် ကားကို ထုတ်ဖော်ပြသ (ရုပ်/သံ)

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရမုတ်နဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ ကားကို ထုတ်ဖော်ပြသလိုက်ပါတယ်။