နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံး()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။

တအာင်းပြည်၊ တပ်မဟာ() နယ်မြေ၊ နောင်ချိုမြို့နယ် ဘူတာရပ်ကွက်() ကတ္တီပင်ဘုန်းကြီးကျောင်းအနီးကို မနေ့က နိုဝင်ဘာ ၂ ရက် ည(၈း၀၀) နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံး ()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

(ဓာတ်ပုံ The Ta’ang Post)

စစ်ကောင်စီတပ်က ပြည်သူတွေကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူနေအိမ် ()အိမ်ထိခိုက်ပျက်စီးခဲ့ပြီး လူတွေတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ သိရပါတယ်။

တဆက်တည်းမှာပဲ ည(၉း၀၀)အချိန်လောက်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ဒုဌဝတီမြစ်တဖက်ကမ်းကနေ နောင်ချိုမြို့ကို လက်နက်ကြီးတွေနဲ့ အကြိမ် (၂၀) ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ The Ta’ang Post)
(ဓာတ်ပုံ The Ta’ang Post)
0 Shares:
You May Also Like
Read More

စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး၊ အဆိုပါနေအိမ်ကို မီးငြှိမ်းသတ်နေချိန် လက်နက်ကြီးထပ်မံကျရောက်လို့ ပကဖရဲဘော် ဇနီးမောင်နှံအပါ ၄ ဦး ကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်နေတဲ့ နေအိမ်ကို မီးငြှိမ်းသတ်ရင်း စစ်ကောင်စီတပ်က လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့ရာ ပကဖ ရဲဘော် ဇနီးမောင်နှံအပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ထံက သိရပါတယ်။
Read More

အဖြေလွှာများ ပျက်စီးမှုအတွက် စာမေးပွဲ ပြန်ဖြေခိုင်းမည့် စစ်ကောင်စီ၏ အစီအစဉ်အပေါ် ဝေဖန်မှုများ မြင့်တက်နေ

ငလျင်ဒဏ်အကြား မီးလောင်ပျက်စီးခဲ့တဲ့ အဖြေလွှာတွေအတွက် ကျောင်းသားကျောင်းသူတွေကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းတာဟာ လုံးဝမဖြစ်သင့်ဘူးလို့ ပညာရေး CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားမိဘတွေက စစ်ကောင်စီကို ပြောဆိုဝေဖန်နေ​ကြပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော် လက်နက်တွေနဲ့အတူ အညံ့ခံ

တရုတ် - မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေထံ လက်နက်ချခဲ့တယ်လို့ ကချင် စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

စဉ့်ကူးတွင် ပြည်သူနှင့် ဆက်ဆံရေး အားနည်းချက်ရှိခဲ့သည့် PDF ရဲဘော်များကို ထိရောက်စွာ သတိပေး အရေးယူမည်၊ စည်းကမ်းချိုးဖောက်သည့် Starlink Internet စက်ပိုင်ရှင်ကိုလည်း အရေးယူမည်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ Starlink အင်တာနက်ကိစ္စ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုအပေါ် ဆက်ဆံရာမှာ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့တဲ့ တာဝန်ကျ ရဲဘော်တွေကို သတိပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အထူးတိုင်းစစ်ဌာနမှ ပကဖ စစ်ကြောင်း ၃ ခုအား လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနဟာ တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုကို ခံယူကာ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းတို့ကို ဒီနေ့မှာ လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
Read More

လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အရပ်ဝတ် စစ်သား ၂ ယောက်ကို PDF ထင်ပြီး ရဲက ဝင်ပစ်၊ နေရာမှာတင် ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သားတွေ နေရာမှာတင် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။