ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်း ရှေ့တန်းနယ်မြေတွေဆီ သွားရောက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်း() စစ်ကြောင်းမှူး ဗိုလ်စောကော်က ဓာတ်ပုံတွေနဲ့တကွ အသိပေး ဖော်ပြလာပါတယ်။

မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင် အခြေစိုက် ခမရ(၃၅၅) တပ်ရင်းဆီ လာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီးကို ကော်ဘရာ စစ်ကြောင်းပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်က ပြီးခဲ့တဲ့ ဇန်နဝါရီလက ပစ်ခတ်ခဲ့ပြီး ပျက်ကျခဲ့တဲ့ပုံတွေကို ဖော်ပြထားတယ်လို့ သိရပါတယ်။

အဲ့ဒီအချိန်က အကြမ်းဖက်စစ်ကောင်စီရဲ့ Eurocopter ရဟတ်ယာဉ် ထိမှန် ပျက်ကျခဲ့ပြီး တပ်မ (၄၄) တပ်မမှူးအသစ် ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ၅ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် ၁၄ တပ်ရင်း၏ အပတ်စဥ် (၆) စစ်သင်တန်းဆင်းပွဲနှင့် ၄ နှစ်ပြည့် မွေးနေ့အခမ်းအနား၊ ၄ နှစ်တာအတွင်း ကျဆုံးအာဇာနည်ရဲဘော် ၁၃ ဦး ရှိခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၁၄ တပ်ရင်းရဲ့ အပတ်စဥ် (၆) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်း ၄ နှစ်ပြည့် မွေးနေ့အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးသည့် စစ်သားများကို တိုက်ခိုက်၊ ၄ ဦး သေပြီး ၁ ဦး ထွက်ပြေးသွား

စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ရာ နေရာတင် စစ်သား ၄ယောက်သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းအတွက် ရှေ့ပြေးလာသည့် ပျူခေါင်းဆောင် ဝန တို့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်အတွက် ရှေ့ပြေးလာတဲ့ ပျူခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ထံက သိရပါတယ်။
Read More

နှစ်ကူးလွတ်ငြိမ်းခွင့်မှာ ကနဦးအတည်ပြုချက်အရ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်

မြန်မာနှစ်ကူးဖြစ်တဲ့ သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂ ယောက် ပါဝင်လာကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က‌ ကနဦး အတည်ပြု ထုတ်ပြန်လာပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်နှင့် သူ့မိန်းမ ကြူကြူလှ မင်းဘူး လာရန်ရှိ၍ လုံခြုံရေး အထူးတင်းကြပ်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကို လာဖို့ရှိနေတာကြောင့် မြို့ရဲ့ အဝင်အထွက်တွေနဲ့ မြို့ပေါ်နေရာတွေမှာ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း မင်းဘူးစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။