တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ လနဲ့ချီပြီး တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၁၅ ယောက် သေဆုံးပြီးလက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက် မနက်အစောပိုင်းမှာ စစ်သားအင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ အဲဒီနေရာကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

(ဓာတ်ပုံ YePhyu People Defence Force – YPPDF)

တိုက်ပွဲဟာ၄နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၁၅ယောက်မျက်မြင်သေဆုံးကာအများအပြားဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။

သူတို့တပ်စွဲထားတဲ့နေရာက ပြည်သူနေအိမ်တွေပါ။ ဆက်သွယ်ရေးမြောင်းနဲ့ ဘန်ကာနဲ့ အခိုင်အမာ တည်ဆောက်ထားတာပါ။ အနီးနားက ပြည်သူနေအိမ် တစ်ဆောင်ကို ကာဗာယူပီး ခံပစ်နေတဲ့သဘောပါ။လို့ ‌YPPDF ရဲ့တာဝန်ရှိသူတစ်ယောက်က‌မောင်းကိုပြောပါတယ်။

အဲဒီနောက်မှာဘုရားမဲစစ်ဆေးရေးဂိတ်ကနေစစ်ကူတွေရောက်လာတာကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲတွင်းမှာ MA3 သေနတ် ၂လက်၊ 5.56 ကျည် အတောင့် ၄၀၀၊ ကျည်ဘောက်  ()ခု၊ ဦးထုပ် () လုံး၊ လက်ပစ်ဗုံး ()လုံး၊ လက်ကိုင်ဖုန်း ()လုံး၊ အီကွေ့မန့်ခါးပတ် ()ခု၊ စစ်သုံးပုခတ် ()ခု၊ ကင်မရာ ()လုံး၊ ဟင်းကော () လုံးတို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

(ဓာတ်ပုံ YePhyu People Defence Force – YPPDF)
0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် KNDF ထံခိုလှုံလာလို့ ကောင်းမွန်စွာ စောင့်ရှောက်ထား

ကရင်နီပြည် KNDF ထံ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် အလင်းဝင်ခဲ့ပြီး KNDF က ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနေ့ကထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက် လီဆယ်လှည့်ဖြားမှုသာဖြစ်ဟု  NUG ထုတ်ပြန် 

အကြမ်းဖက်စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ လီဆယ်လှည့်ဖြားခြင်းသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ပခုက္ကူမှာ ပျူစောထီး ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မရဲရွာအနီးက ပျူစောထီး ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Yesagyo Revolution Group (YRG) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဆက်ကြေးကောက်မည့် ပျူများကို ကြားဖြတ်တိုက်ခိုက်၊ ၈ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုး (တောင်)ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပေါက်ခေါင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။