အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက နိုဝင်ဘာလ ၁ ရက် မနေ့က ညနေပိုင်းမှာလည်း နယူးယောက်မြို့မှာ မြို့ခံမြန်မာလူထုနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ NUG ဝန်ကြီးဒေါက်တာဆာဆာအနေနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောက်ရွက်ရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်နေမှုတွေကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာတဲ့ မြန်မာလူထုရဲ့ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

TNLA ​က အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်လှစ်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေ တစ်နေရာမှာ တရားဥပဒေစိုးမိုးရေးအတွက် အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

သြဂုတ်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁) ဦးနှင့် သုံးစွဲသူ (၁၂) ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA ထုတ်ပြန်

တအာင်းပြည်၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူနဲ့ ‌ကျောက်မဲမြို့နယ်တွေမှာ သြဂုတ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁) ယောက်နဲ့ သုံးစွဲသူ (၁၂)ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးကင်း မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးနှင့် ဒုတပ်ကြပ် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးကင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်က ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မှာ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ပါတယ်။
Read More

မြစ်ကြီးနားမြို့ စစ်တပ်ရဲ့ နမ့်ပေါင်လေတပ်စခန်း ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မောဖောင်းကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နမ့်ပေါင်လေယာဥ်ကွင်းကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကြကြောင်း မောဖောင်းကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။