ပဲခူးတိုင်းအတွင်းက လမ်းပိုင်းတစ်နေရာမှာ သင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးအဆင့်ရှိသူကို မိသားစုဝင်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရန်ကုန်တိုင်း စစ်ဌာနက သတင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်မှာ အဆိုပါ ဗိုလ်မှူးဖြစ်သူဟာ တပ်မတော် (ကြည်း)၊ တိုက်ခိုက်ရေးကျောင်း (သံတောင်ကြီး) ဆီ အသွား လမ်းတစ်​နေရာမှာ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၂) ကနေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီပါရဂူသမားတော် ဗိုလ်မှူး ထိန်တောက်ဆိုသူမှာ တဆရ – ၁၂/၁၀၀ (ထားဝယ်) က ဗိုလ်မှူးဖြစ်ပြီး သူ့ရဲ့ ဇနီးဖြစ်သူနဲ့ ကလေး ၂ ယောက်ကိုပါ မိသားစုလိုက် ဖမ်းဆီးရရှိထားတာ ဖြစ်တယ်လို့ ကနဦး သတင်းရရှိပါတယ်။
လက်ရှိမှာတော့ အဆိုပါ ဗိုလ်မှူးနဲ့ မိသားစုဝင်တွေကို ရန်ကုန်တိုင်းစစ်ဌာနက စစ်သုံ့ပန်းမူဝါဒနဲ့အညီ ထိန်းသိမ်းထားရှိပြီး မိသားစုဝင်တွေကိုလည်း လူအခွင့်အရေး အပြည့်အဝရရှိစေအောင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ပုံစာ – ပါရဂူသမားတော် ဗိုလ်မှူး ထိန်တောက်ဆိုသူကို ဖမ်းဆီးရမိပြီးနောက် တွေ့ရစဉ်
0 Shares:
You May Also Like
Read More

ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားပြီး KNLA ဆီ အလင်းဝင်သွားတဲ့ စစ်သား ၂ ဦးကို ပြန်ရှာရန် လာသည့် အကြမ်းဖက်စစ်တပ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်းဝ ကျေးရွာနေ ဒေသခံ အမျိုးသားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခန္တီးတွင် စစ်တပ်ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်သည့် ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်လာတဲ့ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်နယ်တွင် ပအဖ ရုံးအဖွဲ့မှူးနှင့် အမျိုးသမီး ၁ဦး လုပ်ကြံပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်နယ်မှာ ပအဖရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး၁ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ခန္တီးမြို့တွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်မဲ့ အလင်းဝင်လာ…

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၊ လက်ရှိပြုလုပ်နေသော ဆန်အိတ်တစ်ရာကမ်ပိန်းတွင်လည်း ပါဝင်ကူညီပေးကြပါရန် တိုက်တွန်း

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ ဒီကနေ့ လေးနှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။