မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယော​​က်သေဆုံးခဲ့တယ်လို့ Never Give Up Fox Force :NGUFF အဖွဲ့ဆီက သိရပါတယ်။
အောက်တိုဘာ ၂၉ ရက် နေ့လည်ပိုင်းမှာ မတ္တရာမြို့ အနောက်တောင်ဘက်က မြို့ဝင်သံတံတားဂိတ်နဲ့ သဲကောငါးကန်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
” နေ့ခင်း ၁၂နာရီ ၁၅ လောက်မှာ သဲကောငါးကန်ဘောင်ပေါ်က စကစ အထိုင်စခန်းက်ို ပစ်ပါတယ်။ ပစ်တယ်ဆိုတာကလည်း သူ့တို့ထိုင်ထားတဲ့အဲ့ငါးကန်နဲ့ တော်လှန်ရေး အဖွဲ့ တွေနဲ့က စစ်ဆိုင်ထားတဲ့နေရာမို့လို့ပါ။ စစ်ရေးတင်းမာနေတော့ ငါးကန်နားက သဲကောရွာတဝိုက်နဲ့ စကားစိမ်းရွာတွေဆို လူမနေတော့ဘူး။ ပြည်သူတွေ ပြောင်းကုန်ပြီ။ ကျနော်တို့က အင်အားမများတော့ ပြောက်ကျားလုပ်နေရတာဆိုတော့ ကိုယ်က ပစ်လို့ သူတို့မလုံခြုံရင် သူတို့နောက်ဆုတ်သွားလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပစ်ခတ်ခဲ့တာပါ။ ” လို့ Never Give Up Fox Force :NGUFF အဖွဲ့တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲထားတဲ့ မြို့အဝင် သံတံတားကိုလည်း လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခဲ့သေးပြီး ဒီတိုက်ခိုက်မှု ၂ခုကြောင့်စစ်ကောင်စီဘက်က ၂ ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။
“အဲ့သံတံတားမှာ ဒီကောင်တွေက မြို့ကိုလာတဲ့ပြည်သူတွေကို စစ်ဆေးရေးလုပ်တယ်။ ငွေညှစ်တယ်။ ညကျလည်း အဲ့ဒီနားမှာပဲ အထိုင်ချတယ်ပေါ့။ အဓိကရည်ရွယ်ချက်ကတော့ စကစနဲ့ပျူတွေဟာ မင်းအောင်လှိုင် လက်အောက်မှာ လုယက်ငွေညှစ်ရင်းအနေအစားချောင်နေပေမယ့် ဘယ်နားနေနေ သူတို့ရဲ့အသက် မလုံခြုံဘူးဆိုတာကို အသိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။” လို့ Never Give Up Fox Force :NGUFF အဖွဲ့တာဝန်ရှိသူက ဆက်ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကို မတ္တရာမြို့နယ်ပကဖ၊ တိုက်နယ်၃ပကဖ(မိုးကြိုးပြောက်ကြား) နဲ့ Never Give Up Fox Force :NGUFF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ လက်နက်ကြီးပစ်ခတ်ဖို့ လုပ်ဆောင်နေစဥ်…
0 Shares:
You May Also Like
Read More

တာဝန်ရပ်စဲခံခဲ့ရသည့် ကနီမြို့နယ် လျှပ်စစ်စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံဟောင်း ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ တာဝန်ရပ်စဲခံခဲ့ရတဲ့ ကနီမြို့နယ် လျှပ်စစ် စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံ ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရဲစခန်းနဲ့ မနီးမဝေးမှာ ဂိတ်ချစစ်ဆေးနေတဲ့ ရဲတွေ ရှောင်တခင် ဝင်ပစ်ခံရလို့ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ရဲစခန်းနဲ့ မနီးမဝေး ဂိတ်ချစစ်ဆေးနေတဲ့ အကြမ်းဖက်ရဲတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ၂ယောက်နဲ့ သတင်းပေး ၁ယောက် သေဆုံးသွားကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့် MOGE ကို ဆွစ်ဇာလန်ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

အာဏာသိမ်းစစ်တပ်က ၀င်ငွေတွေ မြောက်မြားစွာ ရရှိနေတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီ ဖြစ်ပါတယ်။
Read More

နတ်တလင်းတွင် ဒေသခံ ၂ ဦး ပေါ်တာဆွဲ ခေါ်ဆောင်ခံရ၊ တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရဟု ဆို

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဆောတွင် စစ်ကောင်စီ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ၊ ၈ နှစ် ကလေးငယ်အပါ အမျိုးသမီး ၄ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အညာကတင်းကျေးရွာက ၈နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့က မောင်းကို ပြောပါတယ်။