ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို​အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၇၀ကျော်ကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၈ရက်က မင်းတပ်မြို့နယ် တိုက်နယ်(၄)ကို တိုက်လောဉ် ၂စီးဖြင့် တိုက်ခိုက်ခဲ့ခြင်း၊ အောက်တိုဘာ ၁၉က်တွင် မင်းတပ်မြို့အား လေကြောင်းမှ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း၊အောက်တိုဘာ ၂၆ရက်တွင် Y-12 လေယာဉ်ဖြင့် ကြဲချတိုက်ခိုက်မှုမှာ စုစုပေါသ်း ဗုံးသီးအလုံးရေ ၇၀ နီးပါးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပစ်မှတ်တွေကို အများဆုံးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
လူသေဆုံးထိခိုက်မှုအခြေအနေကိုတော့ CDF ဘက်က အသေးစိတ်ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
ဒါ့အပြင် မင်းတပ်မြို့ပေါ်ရှိ ပြည်သူတွေရဲ့ နေအိမ်များကို စစ်ကောင်စီက မီးရှို့ခဲ့ရာ နေအိမ် ၃၀ မီးလောင်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ လေကြောင်းမှ မင်းတပ်မြို့ အခြေစိုက် ခလရ(၂၇၄)တပ်ရင်းသို့ လက်နက်ခဲယမ်းရိက္ခာဖြည့်တင်းမှုများလည်း အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နောင်ချိုမြို့ ရှေ့တန်းတစ်နေရာမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၂ ဦး ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ အလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတစ်နေရာကနေ စစ်မှုထမ်းတပ်သား ၂ ယောက် ထွက်ပြေး အလင်းဝင်ရောက်လာကြောင်း ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရောင်နီ LA ပွဲ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းခန့် ရရှိ

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးတွင် ၁၇ရက်ကြာ တပ်စွဲနေတဲ့ စစ်တပ်စစ်ကြောင်း ပြန်ဆုတ်လာစဥ် တော်လှန်ရေးတပ်များ တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညိုကျွန်းကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးပြီး ၁၇ ရက်ကြာတပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

မန္တလေးမြို့တွင် ရပ်ကွက်အာဏာပိုင်များကို လုပ်ကြံသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အမျိုးသား ၆ ဦးကို ဖမ်းဆီး၊ မြို့ပြအုပ်ချုပ်ရေး ယန္တရားအောက်တွင် စစ်တပ်လက်ပါးစေများ အရင်ထက် ပိုမိုများပြားလာ

မန္တလေးမြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်းတွေ သတ်ဖြတ်ခံရမှုနဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကို MDY PDF ကလုပ်ဆောင်ခဲ့ကြောင်းနဲ့ လုပ်ဆောင်ခဲ့သူ ၆ ယောက်ကို ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။