စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ဒေသခံ အများအပြားဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရင်း စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။

အကြမ်းဖက်စစ်ကြောင်းက ကျေးရွာတွေကို ဝင်ရောက်မီးရှို့ခဲ့သလို စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့လို့ ဖမ်းဆီးခေါ်ဆောင်ခံရသူ အများအပြးလည်း ရှိတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အညာပစ်တိုင်းထောင်လေးများ)

အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာမှုကြောင့် အခုဆိုရင် စစ်ဘေးရှောင်လူဦးရေက အရမ်းများလာနေပြီ။ ရွာလုံးကျွတ်မီးရှို့ခံရလို့ နေစရာမရှိ၊ စားစရာမရှိ ဖြစ်နေကြရတဲ့အပြင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းလှည့်နေလို့ နေရပ်ပြန်မရသူတွေလည်းရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ယောက်က မောင်းကိုပြောပါတယ်။

နိုဝင်ဘာလ ၁ရက်၊ ဒီနေ့မနက်မှာ ပြည်သူတွေ လှူဒါန်းထားတဲ့ ထောက်ပံ့မှုတွေနဲ့အတူ အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်ပြည်သူ ၅၀၀ ကျော်လောက်ရှိတဲ့ နေရာကို ထမင်းဟင်းနဲ့ စားသောက်စရာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

(ဓာတ်ပုံ အညာပစ်တိုင်းထောင်လေးများ)

လိုအပ်မှုတွေကတော့ အများကြီးရှိတာပေါ့။ စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်လာသူတွေထဲမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရသူအများအပြားလည်းရှိတယ်။ သက်ကြီးရွယ်အိုတွေနဲ့ကလေးသူငယ်တွေလည်း ပါလာပြီး စားဝတ်နေရေးခက်ခဲမှုတွေတော့ ရှိနေသေးတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူက ပြောပါတယ်။

ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုလာ လဆန်းပိုင်းကစလို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး စိုင်ပြင်လေး၊ တတ်လှိုင်း၊ စီပါ၊ ကျွဲသေချောင်း၊ ဆင်သေချောင်း၊ အိုင်ပေါင်ချောင်း၊ ဆယ်ဝကျေးရွာ စတဲ့ ကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော်လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အညာပစ်တိုင်းထောင်လေးများ)
0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့်ချိန် အာဏာသိမ်း စစ်ခေါင်းဆောင် အေးသင်္ကြန်ဟု အမည်တပ်ကာ ဆင်နွှဲ

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်နေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နေပြည်တော်မှာ “အေးသင်္ကြန်” လို့ နာမည်တပ်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မြိုင်နဲ့ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၀ ခန့်က ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို အကြမ်းဖက်စစ်သားတွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အေအေရဲ့ ‘သူပုန်ဖြူ Team’ အဖွဲ့က  CNO/CNDF ဒဏ်ရာရ ရဲဘော်များအတွက် ငွေကျပ် ၄၂ သိန်းနှင့် ပစ္စည်း တချို့ ထောက်ပံ့လှူဒါန်း

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒဏ်ရာရ ရဲဘော်တွေအတွက် အာရက္ခတပ်တော်က ငွေကျပ် ၄၂ သိန်း အပါအဝင် ကဗျာစာအုပ်နဲ့ လွယ်အိတ်တွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF) က ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူမှုကို သံဃာတွေ မပူးပေါင်းကြဖို့နဲ့ ကန့်ကွက်ကြဖို့ သံဃသမဂ္ဂ (မန္တလေး) ဆရာတော်တွေ တိုက်တွန်း

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲကျင်းပဖို့ သန်းခေါင်စာရင်း ကောက်ယူနေမှုမှာ သံဃာတော်တွေအနေနဲ့ မပူးပေါင်းကြဖို့ မန္တလေးမြို့ သံဃသမဂ္ဂ ဆရာတော်တွေက တိုက်တွန်းလိုက်ပါတယ်။