မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်က ကံချောင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခဲ့တဲ့ ဖြစ်စဉ်ဟာ စစ်တပ်လော်ဘီတွေရဲ့ ဒလန်လုပ်သတင်းပေးမှုကြောင့်ဖြစ်ပြီး အရပ်သားပြည်သူတွေ သတိထားကြဖို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၃၀ရက် မနေ့ကညပိုင်းမှာ စစ်ကောင်စီက တံတားဦးလေဆိပ်တက် Mig-29 Jet Fighter နဲ့အတူဆောမြို့နယ်၊ကံချောင်းကျေးရွာကိုပေါင်၂၅၀ဗုံး၂လုံးကြဲချပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဗုံးထိမှန်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ယောက် အပါအဝင် အရပ်သား၄ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဒဏ်သင့်ခဲ့တဲ့ ယောဒေသက နေအိမ်များ (ဓာတ်ပုံ ယောအလင်းတန်း)
စစ်ကောင်စီရဲ့ လေကြောင်းဒဏ်သင့်ခဲ့တဲ့ ယောဒေသက နေအိမ်များ (ဓာတ်ပုံ ယောအလင်းတန်း)

အောက်တိုဘာလအစက စလို့ ယောဒေသ၊ ဂန့်ဂေါခရိုင်အတွင်းက ဂန့်ဂေါ၊ ဆော၊ ကျောက်ထုနဲ့ ထီးလင်းမြို့နယ်တွေမှာ စစ်ကောင်စီက ခပ်စိပ်စိပ်နဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်လာပါတယ်။

မနေ့ကဖြစ်စဥ်မှာလည်း စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ဖော်ပြချက်အရ ဆောမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုအခြေအနေရှိတယ်ဆိုပြီး ဝါဒဖြန့်သတင်းလွှင့်ပြီးတဲ့နောက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်လော်ဘီဆီ သတင်းပေးနေတဲ့ နယ်ခံ ဒလန်ရှိတယ်ဆိုတာတော့ သေချာပါတယ်။ တစ်နေရာနဲ့တစ်နေရာတော့ မတူဘူးပေါ့နော်။ လေကြောင်းသတိပေးချက်တွေလုပ်ပေမယ့် အခုထိ ထိခိုက်မှုတွေရှိနေသေးတာကြည့်ရင် လိုအပ်ချက်တွေရှိနေသေးလို့ပါ။လို့ ယောအလင်းတန်းအဖွဲ့ဝင်က ကိုဘကောင်းက မောင်းကိုပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဒဏ်သင့်ခဲ့တဲ့ ယောဒေသက နေအိမ်များ (ဓာတ်ပုံ ယောအလင်းတန်း)

လက်ရှိအခြေအနေအရ ကံချောင်းကျေးရွာအပြင် အညာကတင်းကျေးရွာက အရပ်သားတွေပါ လေကြောင်းအန္တရယ် ဂရုစိုက်ကြဖို့လည်း ယောအလင်းတန်းက ပြောထားပါသေးတယ်။

အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၈ကြိမ်ရှိခဲ့ရာ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ဝင်၂ယောက်နဲ့အရပ်သား၈ယောက်သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေထိခိုက်သေကြေခဲ့တယ်လို့လည်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ထားပါတယ်။

ဒီလိုယောဒေသထဲ လေကြောင်းတိုက်ခိုက်ခံရမှုတွေနဲ့ပက်သက်လို့ ဒေသခံ သတင်းလေ့လာသူ၁ယောက်ကလည်းလောလောဆယ် ကျနော် FB ပေါ်ကနေတဆင့်စောင့်ကြည့်ပြီး သိရသလောက် အခုလို ယောမှာ ရွာတွေ လေယာဥ်နဲ့ ဗုံးကြဲခံရတာ ဒလန်တွေရဲ့လက်ချက်လို့ပြောလို့ရပါတယ်။ စစ်တပ်နဲ့ သူတို့ကြား သတင်းပေးချိတ်ဆက်အနေအထားက ကွန်ယက်သဘောမျိုးတောင်ဖြစ်နေပြီလို့ဆိုရမယ်။လို့ မောင်းကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဒဏ်သင့်ခဲ့တဲ့ ယောဒေသက နေအိမ်များ (ဓာတ်ပုံ ယောအလင်းတန်း)
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွက်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံပုဒ်မ ၇၅ အရ အဆိုပါကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင်က မှာကြား

အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

တော်လှန်ရေးရဲဘော်သစ်တွေကို MBT တပ်ဖွဲ့ ဖိတ်ခေါ်နေ

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) ကနေ တော်လှန်ရေးရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။ 
Read More

ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ၊ သေနတ်၂ လက်နှင့် ခဲယမ်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ပုလောမြို့၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးကို နေအိမ်မှာတင် ပစ်ခတ်ရှင်းလင်း

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဒီနေ့ ထုတ်ပြန်ပါတယ်။