စစ်ကောင်စီက ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မှု ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရပါတယ်။

ဒါဟာ အကြမ်းဖက်စစ်အုပ်စုက အခုနှစ်အတွင်း မတရားဖမ်းဆီးပြီးနောက် သတ်ဖြတ်လိုက်တဲ့အရေအတွက်ဟာ  ၃၇၅ ဦး အထိရှိတယ်လို့ဖော်ပြထားတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက် ကနေ အောက်တိုဘာ ၃၀ ရက်အတွင်း အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးပြီး သတ်ဖြတ်ခံရတဲ့အရေအတွက်ကို ထုတ်ပြန်လာတာပါ။

အာဏာသိမ်း ၃ နှစ်ခွဲကာလအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်အထိ မတရားဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သူ အရေအတွက်က ၁၉၄၃ ဦးအထိ ရှိခဲ့ တာပါ။

AAPP ၏ ထုတ်ပြန်ချက်
AAPP ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ မျက်နှာစုံညီအစည်းအဝေး ပြုလုပ်

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက တပ်ခွဲအသီးသီးမှာရှိတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူးနဲ့အတူ အမှတ် (၉၄၂၀) တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးတို့က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

တိုက်ပွဲတွင် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရသူများအပါအဝင် Federal Wings ဒရုန်းတပ်ဖွဲ့မှ တပ်သားသစ်များ ခေါ်ယူနေ၊ Research and Development လုပ်ငန်းများတွင် လက်တွဲဆောင်ရွက်လိုသည့် တော်လှန်ရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်

နိုင်ငံတစ်ဝန်း စစ်မျက်နှာတွေမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

စစ်အသုံးစရိတ် အလွန်အကျွံသုံးပြီး တိုင်းပြည်ဘဏ္ဍာ အိတ်ကပ်ထဲထည့်နေတဲ့ စစ်ကောင်စီက ကျောင်သုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ် ကျင့်သုံးမယ်လို့ဆို

နိုင်ငံရဲ့ စစ်အသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲနေတဲ့အပြင် ရသမျှ ဘဏ္ဍာငွေ ကိုယ့်အိတ်ကပ်ထဲ ထည့်နေတဲ့ စစ်ကောင်စီက လာမယ့် ပညာသင်နှစ်ကစလို့ ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ်နဲ့ ကျင့်သုံးသွားမယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပါတယ်။  
Read More

Special Operation Group စစ်ကြောင်းမှ တပ်ရင်း ရိက္ခာအတွက် ရိက္ခာများကို ခက်ခဲစွာ သယ်ယူနေသည့် ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Special Operation Group စစ်ကြောင်းအနေနဲ့ တပ်ရင်းအတွက် ရိက္ခာကို အဆင့်ဆင့် ခက်ခက်ခဲခဲ သယ်ယူရတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီတပ် ကျုးလွန်ခဲ့တဲ့ ဘုတလင်၊ စီပါရွာက လူသတ်မှုဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့တွေ အကြမ်းဖက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။