မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာနေပြီး ကျောက်ပုံ ကျေးရွာအနီးက KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

ဒီရက်ထဲ တိုက်ပွဲတွေ မကြာခဏဖြစ်နေတာ ကြားရတယ်။ ကျိုတ်ထိုမြို့နယ်ထဲက ကျေးရွာတချို့က ဒေသခံတွေလည်း အိုးအိမ်တွေ စွန့်ခွာပြီး ဘေးလွတ်ရာတွေကို ရှောင်တိမ်းနေကြရတယ်။ အကြမ်းဖက်စစ်တပ်က ခြေလျင်ခြေမြန်တပ်တွေရော၊ အမြောက်တပ်တွေပါ ပေါင်းပြီး စစ်ကြောင်းထိုးလာနေတယ်လို့ ကျောက်ပုံကျေးရွာက စစ်ဘေးရှောင်နေသူတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ ရှေ့ပြေးကင်း လှည့်လည်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာနေတယ်လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။

မနေ့က အောက်တိုဘာ ၃၀ ရက်မှာ စစ်ကောင်စီစစ်ကြောင်းက ကျိုက်ထိုမြို့နယ် ကျောက်ပုံကျေးရွာထဲ ဝင်ရောက်ကာ ရွာအနီးအနားမှာရှိတဲ့ KNLA ပူးပေါင်းအဖွဲ့တွေရဲ့ ယာယီဂိတ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံပြည်သူ ၅၀၀ ကျော်လည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကလေး ၆ယောက်ရဲ့မိခင် သေဆုံးခဲ့ရ

KNU ထိန်းချုပ်ထားတဲ့ ဖာပွန်ဒေသကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ပြည်သူတစ်ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းမှာ…
Read More

ဟားခါးမှာ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်၊ ကျပ်သိန်း ၄၀ ဆု ချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတာကြောင့် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ခဲ့တယ်လို့ Senthang Revolution Force က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးမှု ရှိ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လက်နက်ကိုင်လူတစ်စု သတ်ခဲ့တဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနား

လက်နက်ကိုင်လူတစ်စုရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနားကို ဒီနေ့ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၂ နာရီ၊ ပြင်ဦးလွင်မြို့ ၇ မိုင်သုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဥက္ကဋ္ဌနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး (၁) တို့က ရှေ့တန်းနယ်မြေကို သွားရောက်စစ်ဆေးခဲ့

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေးနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှုး (၁) (AGS -1) ရဲဘော်ထွားကြီးတို့က ရှေ့တန်းစခန်းတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲနယ်က အကြမ်းဖက်စခန်းတွေကို စက်တင်ဘာလအတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ အများအပြားသေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အကြမ်းဖက်ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်လအတွင်း ဒရုန်နဲ့ ဗုံးသီး အလုံး ၁၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။