မကြာခင် ရုံတင်ပြသမယ့်ဂျစ်ကားစီးဖူးသလား၊ ဂျားကစ်စာဘူးသရီးရုပ်ရှင်ဟာ မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒိူဘာသာဝင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို လှောင်ပြောင်သရော်ထားတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဇာတ်ကား ခွင့်ပြုပေးခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသာရေးဗဟိုအဖွဲ့ချုပ်တို့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအစည်းအရုံးကနေ ထုတ်ပြန်လာပါတယ်။

မြန်မာဟိန္ဒူသမဂ္ဂကတပါးသူတို့၏ ယဉ်ကျေးမှု အဆင်တန်ဆာတန်ဖိုးများကို စံနှုန်းမထားဘဲ ဗရမ်းဗတာ လုပ်ကာ ဟာသပြုလုပ်ခြင်းသည်  အရာမရောက်ဘဲ အလွန်ပင် အကျည်းတန်လှပေသည်။ ဟိန္ဒူ လူ့အဖွဲ့အစည်းအား ပြက်ရယ်ပြုကာ ဟာသဇာတ်ကားအဖြစ် သရုပ်ဖော်ပြသသော ဤရုပ်ရုင်ဇာတ်ကားသည် မိမိတို့၏ ယဉ်ကျေးမှုကို နိမ့်ချ လှောင်ပြောင်ရုံ  သာမက ဟိန္ဒူ လူမျိုးစုတို့အား တိုက်ရိုက်  စော်ကားလိုက်ခြင်းပင် ဖြစ်သည်။လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ လူနည်းစုတွေကို နည်းပေါင်းစုံနဲ့ အနိုင်ကျင့်စော်ကားတာတွေက ခေတ်အဆက်ဆက် ထုံးစံလို ဖြစ်နေပါတယ်။ လူနည်းစု ဟိန္ဒူလူမျိုးတွေ ရိုးရာ ဓလေ့ ယဥ်ကျေးမှုတွေကို လေးစားတန်ဖိုးမထားပဲ ဟာသလုပ်ပြီး နှိမ့်ချထားတယ်လို့ ခံစားမိကြပါတယ်။လို့မြန်မာဟိန္ဒူသမဂ္ဂရဲ့အတွင်းရေးမှူးကိုကျော်ကျော်ကမောင်းကိုပြောပါတယ်။

ဒီဇာတ်ကားရိုက်ကူးဖို့အတွက် Perfect ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ဟာ ၂၀၁၈ ခုနှစ် ဇွန်လကတည်းက ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့တာလို့ သိရပါတယ်။ ဒီဇာတ်ကားကို စစ်ကောင်စီလက်အောက်ခံ ရုပ်ရှင်အဖွဲ့အစည်းကနေ ဟိန္ဒူဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဒီပါဝလီနေ့ နီးကပ်လာချိန်မှာ ရုံတင်ပြသတာကြောင့် ဘာသာရေး လူမျိုးရေး ရှုပ်ထွေးမှုတွေဖြစ်ပေါ်အောင် ဖန်တီးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည််း ရှိနေပါတယ်။

ထိုဇာတ်ကားကို ထုတ်လုပ်ဖြန့်ချီသူနှင့် ထိုဇာတ်ကားအား ခွင့်ပြုကြောင်း လက်မှတ်ရေးထိုးပေးခဲ့သော စစ်တပ် အလိုတော်ရိ နှစ်ဘက်ခွ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် တို့ကို တရားစွဲဆိုမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။လို့ မြန်မာဟိန္ဒူသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကိုကျော်ကျော်ကပဲ ဆက်လက်ပြီးဖက်ဒရယ်ကို ဦးတည်ပြီးသွားနေတဲ့အချိန်မှာ နိုင်ငံသားတိုင်းဟာ တန်းတူအခွင့်အရေး ရှိရမှာပါ။ လူမျိုးတိုင်းဟာ ကိုယ့်ရဲ့ ရိုးရာ ဓလေ့ ယဥ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းပိုင်ခွင့်ရှိသလို သူတစ်ပါးက ဖျက်လိုဖျက်ဆီးလုပ်လာရင်လည်း ကာကွယ်ခွင့်ရှိပါတယ်။လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်ပေါ်မှာဒီရုပ်ရှင်ကားပိုစတာပြန့်နှံ့လာချိန်ဟိန္ဒူဘာသာဝင်လူငယ်တွေကဒီဇာတ်ကားရဲ့လှောင်ပြောင်နှိမ့်ချဆက်ဆံမှုအပေါ်ရှုတ်ချကြောင်းကန့်ကွက်စာတွေရေးသားလာတာကိုတွေ့ရပါတယ်။

ဒီဇာတ်ကားကို ကန့်ကွက်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ပထမဆုံး ထုတ်ဖော်ရေးသားလာသူ ကိုရှိုင်းထက်အောင် () ဟာဆယ်ယွန်ဆိုသူကလည်းအဲ့လိုရေးသားပြီးနောက်အောက်တိုဘာလ၂၆ကနေ့ကတည်းကအခုချိန်ထိပျောက်ဆုံးနေတယ်လို့သိရပါတယ်။

ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီးရုပ်ရှင်ကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ လွင်မိုး ၊ ခန့်စည်သူ ၊ ခိုင်သင်းကြည် နဲ့ ရွှေမှုံရတီတို့ သရုပ်ဆောင်ထားကာ နိုင်ဝင်ဘာလမှာ ရုံတင်မယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်တပ်က စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းမိခဲ့ပြီး ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။
Read More

CDF-Mindat ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (CDF-Mindat) ရဲ့ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းက ပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုအပ်ဟု စိုးဝင်း ပြော

ငလျင်အတွက် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

စစ်ကိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်သား ၃ ဦး သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် သေဆုံးမှုရှိခဲ့တယ်လို့ Thunderbird People’s Defense Force - မိုးကြိုးငှက်အဖွဲ့ - စစ်ကိုင်းက အောက်တိုဘာ ၁၃ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ဒုံနဲ့ နို့တကောမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့နဲ့ နို့တကောမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သူ အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

လူငယ် ၃ ယောက်ကို ဝှက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် အကျဉ်းချခံထားရသည့် ၆၅ နှစ်အရွယ် ဒေါ်စန်းရီ ကွယ်လွန်

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၂၂ နှစ်အထိ ချမှတ်ထားရတဲ့ နိုင်ငံရေးအကျဥ်းသူ ဒေါ်စန်းရီ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားပါတယ်။