မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်အင်္ဂါအစိတ်ပိုင်းတွေဖြတ်တောက်ခဲ့သူကို ဖမ်းဆီးအရေးယူထားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့က စလင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး စိုးမိုး နယ်မြေအတွင်းက လယ်တောစပ်တစ်နေရာမှာ အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ အသက် ၄၂ အရွယ် ဦးစံ ဆိုသူကို စလင်းပအဖ ၊ ပကဖတာဝန်ရှိသူတွေက ၇၂နာရီ () ရက်အတွင်း အမှုကွင်းဆက် မျက်မြင်သက်သေတွေ၊ သက်သေခံပစ္စည်းတွေနဲ့အတူ အချိန်မှီဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

နစ်နာသူဟာ အသက် ၃၉နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကိုယ်လက်အင်္ဂါတွေပါ ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျူးလွန်ခဲ့တဲ့ ဦးစံကို ရာဇသတ်ကြီးပုဒ်မ (၃၇၆/၃၀၂(က) ) စတဲ့ အမှု၂ခုနဲ့ အမှုဖွင့်အရေးယူထားပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ဆိုပါတယ်။

စစ်ကောင်စီလက်ထက် ဆိုးရွားလာတဲ့ ခိုးဆိုးလုနှိုက် ဆိုးသွမ်းမှုတွေကို စိုးမိုးနယ်မြေတွေထဲ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ စလင်းပကဖက ပြောထားပါတယ်။

ပြစ်မှုကျူးလွန်သူ ဦးစံ (ဓာတ်ပုံ စလင်းပကဖ)
0 Shares:
You May Also Like
Read More

ဂတ်စ်ပိုက်လိုင်းစောင့် စစ်ကောင်စီဂိတ်စခန်းကို နွားထိုးကြီး ပကဖ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ တရုတ်ဂတ်(စ်)ပိုက်လိုင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ မြို့တော် ဟားခါးရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မြို့နယ် နှောပင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီ (၂၅) ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်း နှောပင်ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၂၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်နဲ့ ပခုက္ကူအစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး…

မကွေးတိုင်းထဲက မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ် အစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဒေသခံ ၂ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၄ ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က ပါရာမော်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်လက်သေနတ်တွေနဲ့ပါ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ပခုက္ကူ ၁၀၁ ကနေ ပါရာမော်တာ ၃ စီးတက်လာတာပေါ့နော်။ အဲ့လိုနဲ့ ပခုက္ကူနဲ့ မြို့ကြားအစပ်က ကျေးရွာပေါ့နော်။ ကျွန်တော်တို့ကတော့ နာမည်ထည့်မပြောတော့ဘူးနော်။ အဲ့လိုနဲ့ အဲ့ကျေးရွာကို ဗုံး ၂လုံး အရင်ကြဲချတာပေါ့နော်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပန်းတောင်းမြို့နယ်၊ ပုဂံကွဲရွာအနီးရှိ စစ်ကောင်စီ၏ ရှေ့တန်းစစ်စခန်းကို AA သိမ်းပိုက်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာ စစ်ကောင်စီတပ်စခန်းကို ဆက်လက်တိုက်ခိုက်နေ

ပဲခူးတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၃ ရုံရှိရာ ပန်းတောင်းမြို့နယ်က ပုဂံကွဲရွာ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် AA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။