မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း အာဠာဝက မြို့ပြ ပြောက်ကျားတပ်ဖွဲ့  ခေါင်းဆောင် ကိုပေတ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ယောက် ကျဆုံးခဲ့ကြောင်း တပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ရက်ကစလို့ ချောက်မြို့နယ်အတွင်းက ကျေးရွာတွေဆီ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း၂ခုခွဲပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့ပါတယ်။

ဒီအတွက်စစ်ကောင်စီကလေကြောင်းကနေအသည်းအသန်ခုခံခဲ့ပြီးကျေးရွာတွေကိုစစ်ကြောင်းဝင်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၇ရက် နေ့လယ်ပိုင်းမှာတော့ ရွာမကျေးရွာအနီးမှာ နှစ်ဖက်ထိတွေ့မှုထပ်ဖြစ်ပြီး စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဖိအားပေးလုပ်ဆောင်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုအတွင်း အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ပေတကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကိုပေတက  လေကြောင်းထိတာပါ။ နောက်၂ယောက်ကတော့ ကိုပေတအဖွဲ့ထဲက  အောင်လေးဆိုတဲ့ ရဲဘော်ရယ်၊ မကွေးခရိုင် အမှတ်၂ တပ်ရင်းက ရဲဘော်ပါ။ သူတို့ကျတဲ့အကြောင်းအရင်းကတော့ သေချာမသိသေးပါဘူး။ စစ်ရှောင်အရပ်သားနှစ်ယောက်လည်းထိခဲ့ပါတယ်။လို့ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ချောက်မြို့ပေါ်က စစ်ကောင်စီထောက်တိုင်တွေကို ဖြိုဖျက်နေသူတွေထဲ ထိပ်ဆုံးက တက်တက်ကြွကြွဦးဆောင်ခဲ့တဲ့ ဗိုလ်ပေတဟာ မကွေးခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့၊ တပ်ခွဲ ၂ ခေါင်းဆောင်အပြင် အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ဦးဆောင်သူ တစ်ယောက်လည်းဖြစ်ပြီး ကျဆုံးချိန်မှာ အသက် ၂၇နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ပေတနဲ့အတူ  အာဠာဝကမြို့ပြ ပြောက်ကျားတပ်ဖွဲ့ထဲက ရဲဘော်အောင်လေးရဲ့ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းတွေကို ကျဆုံးတဲ့နေ့မှာပဲ သဂြိုလ်ပြီးစီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီ တော်လှန်ရေးကြီးစပြီဆိုကတည်းက သူက မြို့ပေါ်မှာ UG လုပ်နေခဲ့တာပါ။ ခေါင်းဆောင်ဖြစ်တယ်ဆိုပြီး အဖွဲ့သားတွေအပေါ်  မဆူမငေါက်ဘူး။ အာဏာနဲ့မအုပ်ချုပ်ဘူး။ တိုက်ပွဲသွားပြီဆိုရင်တောင် ရဲဘော်တွေစိတ်ဓါတ်ကျမှာစိုးလို့ ရဲဘော်တွေကိုပဲ အဓိက လက်နက်တွေပေးကိုင်တယ်။ ဒါ့ကြောင့် ဘယ်ပွဲမဆို ကြည့်လိုက် ဖောင်း(စစ်ဝတ်စုံ) ထက် ပလေကပ်လုံချည်လေးနဲ့ပဲ တွေ့ရတက်တဲ့သူမျိုးပါ။ ငါ ခေါင်းဆောင်ပဲ ဆိုပြီး လုပ်ချင်တာမလုပ်ခဲ့ဘူး။ ကိုယ့်အတွက်ကတော့ ဗိုလ်ချုပ်လို ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပဲ။လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက နရွဲတောရွာကို စစ်ကြောင်းဝင်ရင်း ဗိုလ်ပေတရဲ့ စခန်းငယ်တစ်ခုကိုပါ မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့နေ့က မှတ်မှတ်ရရဆို စစ်ကြောင်းက ဝင်လာတယ်။ မြေပြင်စစ်ကြောင်းမို့ ကိုယ့်ဘက်က အသာစီးရပြီးသားပါ။ လေယာဥ်ပစ်ကူလာတော့ အဆင်မပြေတော့ဘူး။ အဲ့အချိန်မှာ သူက လွတ်ရာရောက်ပြီးသားကို ကျန်နေခဲ့တဲ့သူကို ငဲ့ပြီးပြန်ထွက်လိုက်တာမှာ ကျသွားတာပါ။ ဝင်ဆွဲတဲ့ရဲဘော်ကိုလည်း မလာနဲ့ ထားခဲ့တော့ဆိုပြီး လက်ကာပြပြီး နေခဲ့လိုက်တော့တာပါပဲလို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၁ယောက်က ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နရွဲတောရွာနဲ့ ရွာမရွာ ၂ခု က အိမ်ခြေ အလုံး၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ကျေးရွာပေါင်း ၂၂ရွာက  အရပ်သား၂သောင်းကျော်ဟာ အခုချိန်ထိ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကိုပါ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၂ယောက်လည်း ထိခိုက်သေဆုံးခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

အာသံအကျဉ်းထောင်အတွင်း ချင်းလူငယ်တွေ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေတွေကြောင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်နား

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ချင်းလူငယ် ၃၂ယောက်ရဲ့ အစာငတ်ခံဆန္ဒပြမှုဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကြောင့် ရပ်နားထားကြောင်း India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုရ်ခါက မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော် (၄) နှစ်ပြည့်နှင့် စစ်သင်တန်းဆင်း အခမ်းအနား

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားနဲ့ အပတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၂ ရက်က ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF ၄နှစ်တာခရီး မှတ်တမ်းဓာတ်ပုံများ တပ်ရင်း (၅) ထုတ်ပြန် (ဓတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တည်ထောင်ခြင်း ၄နှစ်ပြည့်အဖြစ် မှတ်တမ်းဓာတ်ပုံများကို KNDFတပ်ရင်း (၅) က ဒီကနေ့ မေလ ၃၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်မြို့ မြန်မာပလာဇာတွင် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး သေဆုံး၊ စစ်အုပ်စု အုပ်ချုပ်သည့်ကာလ မြို့ပေါ်မှာပင် လုံခြုံမှု မရှိတော့

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာပလာဇာစျေးဝယ်စင်တာရဲ့ ကားပါကင်မှာ အမျိုးသမီးတစ်ယောက် ဓားနဲ့ထိုးခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ဟိုတယ်ဇုန်နှင့် နီးကပ်လာ 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

KIA နှင့် TNLA ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးတွေ စတင်နေပြီလို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးပြောကြားပါတယ်။