ချင်းပြည်နယ်မှာ အခု ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ၂ ယောက် အပါအဝင် ၆၁ ယောက် ပလက်ဝ (CDF) ကတဆင့် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပလက်ဝမြို့၊ အိမ်ပြာကုန်းစခန်းကနေ ဗိုလ်မှူးအောင်မျိုးသွင်အပါအဝင် စစ်ကောင်စီတပ်သား (၃၅) ယောက်ဟာ ပြည်သူ့ရင်ခွင်ခိုလှုံဖို့အတွက် ပလက်ဝ (CDF) ဒုတပ်ရင်းမှူးထံ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူး အောင်မျိုးသွင် ဦးစီးတဲ့အဖွဲ့မှာ အရာရှိ()ယောက်၊ အခြားအဆင့် (၃၁)ယောက်၊ ရဲမေ ()ယောက်၊ စုစုပေါင်း (၃၅)ယောက် ပါဝင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ အိမ်ပြာကုန်းစခန်းကနေ စတင်ထွက်ခွာလာခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့  ပလက်ဝ(CDF) တပ်ရင်း()က ဒုတပ်ရင်းမှူးနဲ့ ထပ်မံအဆက်အသွယ်ယူပြီး  ဆမီးမြို့နယ်ကိုသွားရောက်ကာလက်နက်ချအလင်းဝင်ခဲ့တယ်လို့သိရပါတယ်။

ပါလာတဲ့ လက်နက်ခဲယမ်းတွေဖြစ်တဲ့  MA-1 ()လက်၊ MA-2 ()လက်၊ MA-3 ()လက်၊ MA-5 ပစ္စတို()လက်၊ 5.56 ကျည် (၈၃၂)တောင့်၊ ()မမ ပစ္စတိုကျည် (၄၈)တောင့်၊ MA-7 ဗုံးသီး ()လုံး၊ MA-10 ဗုံးသီး (၁၀)လုံး၊ ()မမ ကျည်အိမ် ()ခု၊ 5.56 ကျည်အိမ် (၂၂)ခု၊ လက်ပစ်ဗုံး (၄၃) လုံး၊ ညကြည့်မှန်ပြောင်း ()ခု၊ HYT စကားပြောစက် ()လုံး၊ မြေပြင်ဝေဟင်စက် ()လုံးတို့ကိုလည်းရပ်မိရပ်ဖတွေရှေ့မှောက်မှာစနစ်တကျအပ်နှံခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် နောက်ထပ် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလိုတဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်တဲ့ အဖွဲ့ကလည်း ဆမီးမြို့ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဗိုလ်မှူး အောင်မျိုးသွင်က ပလက်ဝ(CDF) ဒုတပ်ရင်းမှူးနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။

ဗိုလ်မှူး အောင်ကိုထွေး အပါအဝင် ဦးစီးအရာရှိ ()ယောက်၊ အခြားအဆင့် (၂၃)ယောက်၊ စုစုပေါင်း (၂၆)ယောက်ကလည်း  ပလက်ဝမြို့နယ်၊ ပွိုင့် (၃၅၈) စခန်းကုန်းကနေ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စတင်ထွက်ခွာခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့  ပလက်ဝ(CDF) ထံကိုအလင်းဝင်ခိုလှုံခဲ့တယ်လို့သိရပါတယ်။

ဗိုလ်မှူးအောင်ကိုထွေး ဦးဆောင်တဲ့ အဖွဲ့ကလည်း သူတို့နဲ့အတူပါလာတဲ့ MA-1 ()လက်၊ MA-3 ()လက်၊ MA-5 ပစ္စတို ()လက်၊ 5.56 ကျည် (၉၄၅)တောင့်၊ ()မမ ပစ္စတိုကျည် (၆၀)တောင့်၊ ()မမ ကျည် အိမ် ()ခု၊ 5.56 ကျည်အိမ် (၂၅)ခု၊ နင်းမိုင်းအသေး ()လုံး၊ လက်ပစ်ဗုံး (၄၁)လုံး၊ TYT စကားပြောစက် ()လုံးတို့ကို ပလက်ဝ(CDF) တပ်ရင်း() လင်းယုန်တပ်ရင်းမှူးထံကိုစနစ်တကျအပ်နှံခဲ့တယ်လို့သိရပါတယ်။

ခုမှ သတင်း ထုတ်ပြန်ရတာကတော့ လုံခြုံရေးကြောင့်ပါ။ နောက်ပြီး အသေးစိတ်စိစစ်နေရတာတွေပါတယ်။ မိသားစုတွေ ရွှေ့ပြောင်းနေတာတွေရှိမယ်။ အဲ့ဒါကြောင့် အခုမှ သတင်းထုတ်ပြန်ရတာပါ။လို့ပြည်သူ့ရင်ခွင်အဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဗိုလ်မှူးအောင်မျိုးသွင်ဦးစီးအဖွဲ့နဲ့ဗိုလ်မှူးအောင်ကိုထွေးဦးစီးပြီးပြည်သူ့ရင်ခွင်ထံခိုလှုံလာသူစုစုပေါင်း၆၁ယောက်ဖြစ်ပြီးအဲဒီထဲကအယောက်၆၀ဟာတပ်ဖွဲ့ဝင်တွေဖြစ်ကာရဲမေ၁ယောက်ကတော့မိသားစုဝင်ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား အယောက် ၆၀ နဲ့ ရဲမေကို ယောကာကွယ်ရေးတပ်  YDF အဖွဲ့က လက်ခံထားပြီး အစားအသောက်၊ နေထိုင်ရေး၊ ကျန်းမာရေးက အစ လိုလေသေးမရှိ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်ပြည်နယ်၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ ဦးစီးအရာရှိ တတိယတန်း (G-3) တပ်​ထောက် ဗိုလ်ကြီး ရှိုင်းထက်​အောင် (ရုပ်/သံ)

''လက်နက်ချအညံ့ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကနေ ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ကို တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့ သတ်မှတ်တယ်ပေါ့။ ကျနော်တို့ အဓိက သစ္စာစောင့်သိရမှာက ကျနော်တို့ ပြည်သူလူထုရဲ့အပေါ်ကိုပဲ သစ္စာစောင့်သိရမှာပေါ့နော်။ ကျနော်တို့ ဒီလိုလက်နက်ချအညံ့ခံပြီးတဲ့နောက်မှာ ကျနော်တို့ ဒီဘက်က ပြည်သူလူထုကလည်း နွေးထွေးစွာ ကြိုဆိုတယ်။ အဲ့အတွက်ကြောင့်မို့လို ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ ရွေးခဲ့တဲ့ လမ်းကတော့ ကျနော့်အနေနဲ့ကတော့ မမှားဘူးလို့ ထင်ပါတယ်''
Read More

CDF – Asho မှ ဖမ်းမိထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မေးမြန်းချက် (ရုပ်/သံ)

CDF - Asho က ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ စားသောက်နေထိုင်ရေး အခြေအနေတွေကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ရသူရဲ့ မိသားစုဝင် ပြောပြတဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်း (ရုပ်/သံ)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က လားရှိုးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ယောက်ဖြစ်သူ ကိုရဲဝင်းနိုင် (ခ) အကြီးကောင် (၄၀)နှစ် ဆုံးပါးသွားခဲ့ပါတယ်။ သူ့မိသားစုရဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်းကို MNDAA က ဖော်ပြလာပါတယ်။
Read More

တောင်ညိုတပ်ရင်းတွင် မိသားစုလိုက် တာဝန်ထမ်းဆောင်နေသည့် တပ်ထောက် အရာရှိ ကိုသက်ကြီး၏ တော်လှန်ရေးစကားသံ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုတပ်ရင်းရဲ့ တပ်ထောက်အရာရှိ ကိုသက်ကြီးရဲ့ မိသားစုလိုက် တာဝန်ထမ်းဆောင်ဖြစ်ပုံကို ‌‌တောင်ညိုတပ်ရင်းက ‌ဖော်ပြခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- မောင်ဖြိုး၏ ပြောကြားချက် (ရုပ်/သံ)

"ဘာကြောင့်အလင်းဝင်လာလဲဆိုတော့ အစောပိုင်းကလည်း လုပ်ချင်လို့ လုပ်လာတာမဟုတ်ပါဘူး။ အခုအလင်းဝင်လာတာလည်း ကိုယ့်အတွက် ရွေးချယ်စရာရှိတယ်ဆိုတဲ့ဟာ သိရလို့ ဝင်လာတာပါ။ စနိုက်ဘာတစ်လက်ရယ်၊ MA-1 တစ်လက်ရယ် ယူပြီး အလင်းဝင်ခဲ့တာပါ''
Read More

ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ စစ်ဆင်​ရေး (G-3) အဆင့်ရှိ ဗိုလ်ကြီး ​အောင်ကိုကို (ရုပ်/သံ)

“ကျနော်တို့လက်နက်ချလိုက်တော့မယ်၊ တပည့်တွေအခြေအနေမကောင်းတော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျနော်တို့ကို သတ်မှာလား၊ ဒါမှမဟုတ် ထိုးကြိတ်နှိပ်စက်မှာလားပေါ့၊ အဲဒီ သံသယဝင်တယ်။ ကျနော်တို့ တိုင်ပင်တယ်... တိုင်ပင်ပြီးတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။