ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ဟားခါးထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၈ ရက်က Operation Rung အမည်နဲ့ Chinland Defense Force – Hakha နဲ့ Chin National Army တို့က ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ဟားခါးမြို့အနီး ဟားခါးထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။

(ဓာတ်ပုံ Chinland Defense Force-Hakha)

အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၁၅ ယောက် သေဆုံးခဲ့ကာ ဗိုလ်မှူးအပါအဝင် ၄ ယောက် အရှင်ဖမ်းမိခဲ့ကာ MA1 ငါးလက်၊ MA2 တစ်လက်၊ MA3 နှစ်လက်၊ MA11 တစ်လက်၊ ကျည်‌ဘောက် ၄၂ခု၊ မိုင်းနဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

CDF-Hakha အနေနဲ့ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌‌ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

(ဓာတ်ပုံ Chinland Defense Force-Hakha)
0 Shares:
You May Also Like
Read More

ကျောက်တော်မြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ၁၈ ဦး သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို အများပြည်သူ အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမြို့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့က စစ်ကောင်စီရဲ့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပေါ်တာဆွဲခံထားရသူနဲ့ စစ်မှုထမ်းမဲပေါက်တဲ့ စစ်ကောင်စီတပ်သားတွေ မြိတ် ပကဖထံ အလင်းဝင် ခိုလှုံလာ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ မြိတ်ထံ အလင်းဝင် ခိုလှုံလာကြောင်း သိရပါတယ်။
Read More

ကြေးနီသယ်ဆောင်လာတဲ့ ယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မနေ့က ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းလောက်မှာ ကြေးနီတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းနဲ့အတူ လုံခြုံရေး လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေ

ပဲခူးတိုင်း၊ တောင်ငူမြို့အနောက်ဘက်က ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။