ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား () ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်အတွင်း အောက်တိုဘာ (၂၇) ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ သေဂေလူကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်နိုင်ဖို့အတွက် လက်နက်ကြီး စုစုပေါင်း (၂၈) လုံး ခန့်ပစ်ခတ်ခဲ့ရာ အဲ့ဒီလက်နက်ကြီးတွေဟာ သေဂေလူ ကျေးရွာအတွင်း (၂၆) လုံးခန့် ကျရောက်ပေါက်ကွဲခဲ့သလို ကျန် () လုံးမှာ ငနွားဆိပ်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ငနွားဆိပ်ကျေးရွာနေ (၄၀) နှစ်နဲ့ (၁၃) နှစ်အရွယ် အမျိုးသမီး () ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိ မှုများ (ဓာတ်ပုံ KNU)

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ သေဂေလူကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်နိုင်ဖို့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့်  သေဂေလူကျေးရွာ၊ ငနွားဆိပ့်ကျေးရွာနဲ့ ဝဲတူးကျေးရွာစတဲ့ ကျေးရွာ () ရွာက အိမ်ခြေ  (၃၉၂) အိမ်က လူဦးရေ (၁၈၅၄) ယောက် စိုးရိမ်ထိတ်လန့်ကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသလို အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ(၂၆)ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ရွှေဝါ တပ်ရင်းက လက်နက်ကြီး ()လုံး နောင်ကုန်းကျေးရွာ အနီး ပစ်ခတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိ မှုများ (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

သေနတ်နဲ့ပစ်ခံရတဲ့ မန္တလေးက ယာဉ်ထိန်းဒုရဲအုပ် ရဲမေ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ သေ

မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ယာဥ်ထိန်းရဲမေ ဖူးပွင့်ဇော်မှာ မနေ့ည (အောက်တိုဘာ ၁၄) ကပဲ အဆုတ်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Special Operation Group - SOG က ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်မှာ စစ်အာဏာရှင်အလုံးစုံပပျောက်ရေး ဆောင်ရွက်နေတဲ့ AA ကို ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတပ်တော် AA အနေနဲ့ အမ်းက  နပခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း အပါအဝင် ရခိုင်ပြည်နယ်တစ်ခွင်လုံး စစ်ကောင်စီကင်းစင် ပပျောက်ရေး လုပ်ဆောင်နေမှုအပေါ် အထူးပင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

လောင်းလုံးမြို့နယ်အတွင်း စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့၊ အသက် ၇၀ ကျော် အဘွားအိုကို အဓမ္မ ပြုကျင့်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်မှာ စစ်ကြောင်းထိုးခဲ့ပြီး ဇွန်လ ၂၄ ရက်မှာ လောင်းလုံးမြို့ပေါ် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက် လီဆယ်လှည့်ဖြားမှုသာဖြစ်ဟု  NUG ထုတ်ပြန် 

အကြမ်းဖက်စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ လီဆယ်လှည့်ဖြားခြင်းသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

နေပြည်တော်တိုင်းစစ်ဌာန PDF တပ်ရင်း (၈၀၈) မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၈) က မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။