ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ () ပူးပေါင်းတပ်ဖွဲ့က ၃ ရက်ကြာ တိုက်ခိုက်ခဲ့ရပြီး ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ အပြီးသတ်ရရှိခဲ့တာပါ။

ဖာပွန်မြို့မှာ စစ်ကောင်စီတပ်စခန်း တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကိုလည်း KNLA ပူးပေါင်းတပ်ကဝိုင်းပတ်ပိတ်ဆို့ဖြတ်တောက်ထားနိုင်ပြီလို့သိရပါတယ်။

ခေါပုတ်စခန်းကျသွားရင် KNU ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီဗျူဟာအပါအဝင် တပ်စခန်း ၁၀ခုခန့်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ထိခိုက်သေဆုံးသူတွေ ရှိခဲ့သလို စခန်းကနေ စွန့်ခွါထွက်ပြေးသွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဖာပွန်ဘက်က ခေါပုတ်စခန်း ရပြီလို့ ကျနော့် ဒုစစ်ဆင်ရေးမှူးက သတင်းပို့ပါတယ်။ ရန်သူ့အလောင်း ၁၀လောင်း လောက်ရရှိထားပြီး ၅ ဦးတော့ အရှင်ဖမ်းမိထားတယ်လို့ ပြောပါတယ်လို့ စခန်းသိမ်းနိုင်မှုနဲ့ ပတ်သက်ပြီး  BPLA တပ်ဖွဲ့ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခကလည်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

KNLA ပူးပေါင်းတပ်တွေဟာ ဖာပွန်မြို့တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်းစိန်ထောင်က နိုင်ကျဉ်းတွေအပါ အကျဥ်းသား ၅၀၀ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရ

အင်းစိန်ထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ မတရားအကျဉ်းချခံထားရသူတွေ အပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ ကျခံနေရတဲ့ အကျဉ်းသား အယောက် ၅၀၀ ကို နိုဝင်ဘာ ၃၀ ရက်နေ့က သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
Read More

ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားကို သြဂုတ်လ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် မြို့များတွင် လူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံရမှု ဆက်တိုက်ဆိုသလိုရှိနေ

ရန်ကုန်တိုင်းအတွင်းက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားရာ မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရမှု အခြေအနေ ပိုမိုဆိုးရွားလာပြီး စစ်အုပ်စုလက်ပါးစေ ပျူစောထီးတွေက ဦးဆောင်လုပ်ကိုင်နေတယ်လို့ Rangoon Scout Network တာဝန်ရှိသူ မောင်းကို ပြောပါတယ်။
Read More

ဖားဆောင်း ခလရ ၁၃၅ မကျရေး စစ်တပ်ခုခံနေ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က ခလရ (၁၃၅) စစ်စခန်းမကျရေးကို စစ်တပ်က ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။