ချင်းပြည်နယ်မှာ အခု ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ၂ ယောက် အပါအဝင် ၆၁ ယောက် ပလက်ဝ (CDF) ကတဆင့် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပလက်ဝမြို့၊ အိမ်ပြာကုန်းစခန်းကနေ ဗိုလ်မှူးအောင်မျိုးသွင်အပါအဝင် စစ်ကောင်စီတပ်သား (၃၅) ယောက်ဟာ ပြည်သူ့ရင်ခွင်ခိုလှုံဖို့အတွက် ပလက်ဝ (CDF) ဒုတပ်ရင်းမှူးထံ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူး အောင်မျိုးသွင် ဦးစီးတဲ့အဖွဲ့မှာ အရာရှိ()ယောက်၊ အခြားအဆင့် (၃၁)ယောက်၊ ရဲမေ ()ယောက်၊ စုစုပေါင်း (၃၅)ယောက် ပါဝင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ အိမ်ပြာကုန်းစခန်းကနေ စတင်ထွက်ခွာလာခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့  ပလက်ဝ(CDF) တပ်ရင်း()က ဒုတပ်ရင်းမှူးနဲ့ ထပ်မံအဆက်အသွယ်ယူပြီး  ဆမီးမြို့နယ်ကိုသွားရောက်ကာလက်နက်ချအလင်းဝင်ခဲ့တယ်လို့သိရပါတယ်။

ပါလာတဲ့ လက်နက်ခဲယမ်းတွေဖြစ်တဲ့  MA-1 ()လက်၊ MA-2 ()လက်၊ MA-3 ()လက်၊ MA-5 ပစ္စတို()လက်၊ 5.56 ကျည် (၈၃၂)တောင့်၊ ()မမ ပစ္စတိုကျည် (၄၈)တောင့်၊ MA-7 ဗုံးသီး ()လုံး၊ MA-10 ဗုံးသီး (၁၀)လုံး၊ ()မမ ကျည်အိမ် ()ခု၊ 5.56 ကျည်အိမ် (၂၂)ခု၊ လက်ပစ်ဗုံး (၄၃) လုံး၊ ညကြည့်မှန်ပြောင်း ()ခု၊ HYT စကားပြောစက် ()လုံး၊ မြေပြင်ဝေဟင်စက် ()လုံးတို့ကိုလည်းရပ်မိရပ်ဖတွေရှေ့မှောက်မှာစနစ်တကျအပ်နှံခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် နောက်ထပ် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလိုတဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်တဲ့ အဖွဲ့ကလည်း ဆမီးမြို့ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဗိုလ်မှူး အောင်မျိုးသွင်က ပလက်ဝ(CDF) ဒုတပ်ရင်းမှူးနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။

ဗိုလ်မှူး အောင်ကိုထွေး အပါအဝင် ဦးစီးအရာရှိ ()ယောက်၊ အခြားအဆင့် (၂၃)ယောက်၊ စုစုပေါင်း (၂၆)ယောက်ကလည်း  ပလက်ဝမြို့နယ်၊ ပွိုင့် (၃၅၈) စခန်းကုန်းကနေ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စတင်ထွက်ခွာခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့  ပလက်ဝ(CDF) ထံကိုအလင်းဝင်ခိုလှုံခဲ့တယ်လို့သိရပါတယ်။

ဗိုလ်မှူးအောင်ကိုထွေး ဦးဆောင်တဲ့ အဖွဲ့ကလည်း သူတို့နဲ့အတူပါလာတဲ့ MA-1 ()လက်၊ MA-3 ()လက်၊ MA-5 ပစ္စတို ()လက်၊ 5.56 ကျည် (၉၄၅)တောင့်၊ ()မမ ပစ္စတိုကျည် (၆၀)တောင့်၊ ()မမ ကျည် အိမ် ()ခု၊ 5.56 ကျည်အိမ် (၂၅)ခု၊ နင်းမိုင်းအသေး ()လုံး၊ လက်ပစ်ဗုံး (၄၁)လုံး၊ TYT စကားပြောစက် ()လုံးတို့ကို ပလက်ဝ(CDF) တပ်ရင်း() လင်းယုန်တပ်ရင်းမှူးထံကိုစနစ်တကျအပ်နှံခဲ့တယ်လို့သိရပါတယ်။

ခုမှ သတင်း ထုတ်ပြန်ရတာကတော့ လုံခြုံရေးကြောင့်ပါ။ နောက်ပြီး အသေးစိတ်စိစစ်နေရတာတွေပါတယ်။ မိသားစုတွေ ရွှေ့ပြောင်းနေတာတွေရှိမယ်။ အဲ့ဒါကြောင့် အခုမှ သတင်းထုတ်ပြန်ရတာပါ။လို့ပြည်သူ့ရင်ခွင်အဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဗိုလ်မှူးအောင်မျိုးသွင်ဦးစီးအဖွဲ့နဲ့ဗိုလ်မှူးအောင်ကိုထွေးဦးစီးပြီးပြည်သူ့ရင်ခွင်ထံခိုလှုံလာသူစုစုပေါင်း၆၁ယောက်ဖြစ်ပြီးအဲဒီထဲကအယောက်၆၀ဟာတပ်ဖွဲ့ဝင်တွေဖြစ်ကာရဲမေ၁ယောက်ကတော့မိသားစုဝင်ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား အယောက် ၆၀ နဲ့ ရဲမေကို ယောကာကွယ်ရေးတပ်  YDF အဖွဲ့က လက်ခံထားပြီး အစားအသောက်၊ နေထိုင်ရေး၊ ကျန်းမာရေးက အစ လိုလေသေးမရှိ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်ဖြူဖြူသင်း နှင့် ဗျူဟာ ၂၆ တာဝန်ခံ ရဲဘော်ဘီဘီ တို့ရဲ့ ဆွေးနွေးပြောကြားချက် (ရုပ်/သံ)

ရိုးမခေါ်သံ ၂ ကမ်ပိန်းကို ဇန်နဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြုလုပ်နေတာဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သိန်း ရရှိဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေထဲက ၅၀ % ကို ဗျူဟာ ၂၆ အတွက် ကျည်ဆန်ခဲယမ်းနဲ့ ကျည်ကာတွေ ဖြည့်တင်းသွားမှာဖြစ်ပြီး ကျန် ၅၀ % ကိုတော့ စစ်ဒေသခွဲ ၂ ဆက်စပ်လိုအပ်ချက်တွေ ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်။
Read More

အာရက္ခတပ်တော် (AA)က ထုတ်ပြန်တဲ့ စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်/သံ)

“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘဝတွေကို ငဲ့ညာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတာကို လက်ခံပေးပါ။ ပြည်သူလူထုကို အကြမ်းဖက်တာတွေ ဗုံးကြဲတာတွေ ရပ်တန့်ပေးပါ။ ဆက် လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေ နာကြည်းမှုတွေကိုပဲ ရရှိ ခံစားရလိမ့်မယ်ဆိုတာကို သိစေချင်ပါတယ်''
Read More

ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာမှာ အထိုင်ချထားသည့် စစ်တပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းစဉ် ဖမ်းဆီးမိခဲ့တဲ့ ရဲတပ်ကြပ်လင်းထင်၏ ပြောကြားချက် (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ညောင်လေးပင်မြို့နဲ့ ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်ကော်မရှင်၏ အတင်းအဓမ္မတပ်သားစုဆောင်းခြင်းခံခဲ့ရသည့် အသက် (၁၆)နှစ်အရွယ် မောင်ဇင်ကိုကို (ရုပ်/သံ)

အသက် (၁၆)နှစ်အရွယ် မောင်ဇင်ကိုကိုဟာ မိဘတွေ အဆင်မပြေတဲ့အတွက် ကျောင်းပိတ်ရက် စပါး ထွက်ထမ်းခဲ့ရာကနေ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်း ခံခဲ့ရသူဖြစ်ပါတယ်။
Read More

တိုက်ပွဲတစ်ခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ​ကျော်​​ဇေယျာမြင့်ရဲ့ ပြောကြားချက် (ရုပ်/သံ)

“ကျနော်တို့ လက်နက်ချအညံ့ခံဖို့ စဉ်းစားမိတာကတော့ ကျနော်တို့ ထွက်လာတုန်းက ကျနော့်အထက်မှာ ဗိုလ်မှူးတစ်ယောက်ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ အဲဒီမှာ ပိတ်မိသွားတယ်ပေါ့။ ကျနော် ပြောပါတယ်။ ဗိုလ်မှူး အခြေအနေမကောင်းတော့ဘူး။ အခြေအနေ မလှတော့ဘူးပေါ့။ အဲဒီအတွက် ကျနော်တို့ လက်နက်ချမှ ရတော့မယ်ဆိုတဲ့ အချိန်မှာ အဆင်မပြေသေးဘူးပေါ့။ နောက်ကိုလည်း စစ်ကူတွေ ထပ်လိုက်လာတယ်လို့ ပြောတယ်။ နောက်ဆုံးတော့ ဗိုလ်မှူးလည်း ကျသွားပါတယ်”
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ-၁၁၂ ကိုယ်ပိုင်အမှတ်- တ/၂၃၁၈၂၆ တပ်ကြပ်-ဆန်းမြင့်ဦး၏ ပြောကြားချက် (ရုပ်/သံ)

''စစ်တပ်ထဲ ကြုံခဲ့ရတာအများကြီးပဲ။ သူတို့က အဆင့်ရာထူးနဲ့ ကျနော်တို့ကို ရှိနေတဲ့ ဖုတ်လေတဲ့ ငပိ၊ ရှိတယ်လို့တောင် မအောက်မေ့ဘူး။ ကျနော်တို့ကို သူတို့အောက်က စီးထားတဲ့ ဖိနပ် တစ်ရံလောက်တောင် တန်ကြေးမထားဘူး။ ကျွန်တစ်ယောက်လို သဘောထားပြီး ဆက်ဆံတယ်''