မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မကွေး၊ ချောက်၊ စလင်းစတဲ့ နေရာတွေက အင်အား ၆၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဟာ ချောက်မြို့နယ်ထဲကို စစ်ကြောင်းနှစ်ခုနဲ့ ထိုးဝင်ရင်း ဒေသတော်လှန်ရေးတပ်စခန်းတစ်ခု အပါအဝင် ကျေးရွာ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၅ရက် မနက်ပိုင်းမှာ ချောက်၊ ကုန်းကြီး၊ ထိန်စမ်းလမ်းပိုင်းကတဆင့် စစ်ကြောင်းဝင်လာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိန်စမ်းရွာတောင်ပိုင်းမှာ စတင်ထိတွေ့မှုဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်က ထိခိုက်မှုများတဲ့အတွက် လေကြောင်းပစ်ကူခဲ့တယ်လို့သိရပါတယ်။

နောက်တစ်နေ့ (အောက်တိုဘာ ၂၆) မနက်ပိုင်းမှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဂွေးပင်သရက်ပင်ရွာ လမ်းကြောင်းကနေ ဝင်လာတဲ့စစ်ကြောင်းနဲ့ ထပ်ပေါင်းမိပြီး စစ်ကြောင်းနှစ်ခုဆုံကာ ကတိုင်တောရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ကျဆုံးခဲ့တဲ့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ပေတ

ဒါ့အပြင် နောက်တစ်နေ့ (အောက်တိုဘာ ၂၇ ရက်) မနက်ပိုင်းမှာလည်း စစ်ကြောင်းဟာ နရွဲဲတောရွာကို စတင်မီးရှို့ခဲ့ပြီး ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ရွာမကျေးရွာအနီးမှာ ထိတွေ့မှုထပ်ဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဖိအားပေးလုပ်ဆောင်ခဲ့ရာ လေကြောင်းထိလို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ပေတ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ကျဆုံးပြီး စစ်ရှောင်ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှု

စစ်ကြောင်းစထိုးတော့ ချောက် ကျောက်ပန်းတောင် ရေနံချောင်း စလေ မကွေးတပ်အကုန်ဘဲပြောရမယ်။ အင်အား ၆၀၀ လောက်ရှိတယ်။ စစ်ကြောင်းက ၄ရက်ထိုးတာပါ။ လေကြောင်းက Mi 35နဲ့ရော ဗုံးသီးပါကြဲတာပါ။ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က ခေါင်းဆောင် ဗိုလ်ပေတလည်း ကျပါတယ်။ နရွဲတောက သူ့စခန်းလည်း မီးရှို့ခံရတယ်ပေါ့နော်။ နောက်ပြီး ဖုန်းရော ကမ်ပိန်းအတွက် ရည်ထားတဲ့ ဆိုင်ကယ်ပါ စကစယူသွားပါတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က မောင်းကို ပြောပါတယ်။

တိုက်ပွဲပြီးသွားပြီဆိုရင်တောင် ရဲဘော်တွေစိတ်ဓါတ်ကျမှာဆိုးလို့  ဂန်းမကိုင်ဘဲ ရဲဘော်တွေကိုပဲ ပေးကိုင်တက်တဲ့သူပါ။ ပျော်စရာရှိရင်တော့ အတူတူပျော်ပြီး စိတ်ညစ်စရာရှိရင် တစ်ယောက်တည်းခံတဲ့သူပါလို့ ဗိုလ်ပေတအကြောင်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက နရွဲတောရွာနဲ့ ရွာမကျေးရွာ ၂ ခုကို ဝင်ရောက်စီးနင်းရင်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ်ခြေအလုံး ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းမှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ ရွာမရွာတောင်ပိုင်းကနေ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီလို့ သိရပါတယ်။

ဒါပေမယ့် တော်လှန်ရေးတပ်တွေ ရှင်းလင်းရေးမဝင်နိုင်သေးဘဲ ကျေးရွာပေါင်း ၂၂ ရွာက အရပ်သား၂သောင်းကျော်ဟာ အခက်အခဲတွေကြား စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက် ဒီနေ့မှာ လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်မှာ အိမ်ဆောက်ပိုင်ခွင့်မရှိသည့် လယ်ယာမြေဆိုပြီး စစ်ကောင်စီက အိမ်များကို ဖျက်ဆီးကာ အကွက်ရိုက် ပြန်ရောင်းစား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့မှာ အိမ်ဆောက်ပိုင်ခွင့်မရှိတဲ့ လယ်ယာမြေဟုဆိုကာ ပြည်သူပိုင်အိမ်တွေကို အတင်းအဓမ္မဖျက်ဆီးခဲ့ပြီးနောက် အဲဒီမြေကိုပဲ မြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်း ခေါင်းစဉ်နဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပြန်လည်ရောင်းစားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦး၏ မိသားစုဝင်များကို ခင်ဦး ပကဖ၊ ပအဖ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ရဲဘော် ၃ ယောက်ရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ၇၅ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦး အလင်းဝင်လာ

မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ယောက် အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီက သိရပါတယ်။
Read More

ရသေ့တောင်တွင် စစ်တပ် ဂျက်လေယာဥ် ၂စီးဖြင့် ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်လေယာဥ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က မနေ့ညက ထုတ်ပြန်ပါတယ်။