ထိုင်းမြန်မာနယ်စပ်မြဝတီမြို့က တရားမဝင်လုပ်ငန်းတွေထဲ ပိတ်မိနေတဲ့ လူပေါင်း ၁၁၀ ကို ကယ်ဆယ်ရေးကူညီပေးဖို့ လူကုန်ကူးခံရသူများအား ကူညီစောင့်ရှောက်ရေးကွန်ရက်က ထိုင်းဝန်ကြီးချုပ်ကို လိပ်မူပြီး အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း ဘန်ကောက်ပို့စ်က သတင်းဖော်ပြထားပါတယ်။

မြဝတီမြို့မှာအခြေစိုက်တဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ နိုင်ငံ ၉ နိုင်ငံက အဲဒီလူတစ်ရာကျော်ကို ထိုင်းမှာ လစာမြင့်အလုပ်ပေးမယ်လို့ ဆွဲဆောင်ပြီး စာရွက်စာတမ်းနဲ့ ခရီးစရိတ်တွေ ထောက်ပံ့ပေးခဲ့ကြောင်း၊ ထိုင်းကိုရောက်ချိန်မှာ နယ်စပ်မြို့ မဲဆောက်ကတဆင့် နယ်စပ်ဖြတ်ပြီး မြဝတီက တရားမဝင်လုပ်ငန်းတွေဆီ လှည့်ဖြားခေါ်ဆောင်သွားတာဖြစ်ကြောင်း ဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာကို ပေးပို့တဲ့စာထဲမှာ ဆိုထားပါတယ်။

လူကုန်ကူးခံရသူတွေဟာ စာရွက်စာတမ်းတွေနဲ့ ဆက်သွယ်ရေးကိရိယာတွေ သိမ်းဆည်းခံထားရပြီး တရားမဝင်လုပ်ငန်းတွေလုပ်ဖို့ အတင်းအကြပ် ခိုင်းစေခံခဲ့ရကြောင်း၊ သူတို့ထဲက တချို့ဟာ ကိုယ်ထိလက်ရောက် နှိပ်စက်ခံထားရပြီးပြန်ပေးသမားတွေက မိသားစုဝင်တွေကို ငွေနဲ့ပြန်ရွေးဖို့ ဆက်သွယ်ခဲ့ကြောင်း စာထဲမှာ ပါရှိပါတယ်။

အဲဒီလူကုန်ကူးခံရသူတွေကို စစ်ကောင်စီနဲ့နီးစပ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ် (DKBA) တို့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ဖမ်းဆီးထားကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသား ၃၆ ယောက်နဲ့ မိုရိုကိုနိုင်ငံသား ၁ ယောက်ကို BGF နယ်မြေမှာ ထားရှိပြီး ကျန်တဲ့သူတွေကတော့ DKBA ရဲ့နယ်မြေမှာရှိနေတယ်လို့သိရပါတယ်။

၂၀၂၂ ခုနှစ်မှာ သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြဝတီမြို့ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ The Bangkok Post)

BGF ဟာ သူ့လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့နေတဲ့ လိမ်လည်စခန်းတွေအပါအဝင် ရာဇဝတ်လုပ်ငန်းတွေနဲ့ ဆက်နွယ်နေပါတယ်။ DKBA ဟာလည်းလောင်းကစားကာစီနိုရုံတွေများစွာရှိတဲ့မြဝတီမြို့ရဲ့နေရာအတော်များများကိုထိန်းချုပ်ထားတာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတွေကလူကုန်ကူးဂိုဏ်းတွေဖြားယောင်းခံထားရတဲ့သူတို့ရဲ့နိုင်ငံသားတွေအတွက်အကူအညီရယူဖို့အာဏာပိုင်တွေကိုအကူအညီတောင်းခံထားကြောင်းကွန်ရက်ကပြောပါတယ်။

USIP ရဲ့ မေလအစီရင်ခံစာအရ ကမ္ဘောဒီးယား၊ မြန်မာနဲ့ လာအိုက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ နှစ်စဉ် ဒေါ်လာ ၄၃.၈ ဘီလီယံ ရရှိနေတယ်လို့ သိရပါတယ်။

လူကုန်ကူးသူတွေဟာ ထိုင်းနိုင်ငံကို အကူးအပြောင်းနေရာအဖြစ် အသုံးပြုနေတာကြောင့် ထိုင်းအစိုးရအနေနဲ့ ဒီပြဿနာကို အနီးကပ်စောင့်ကြည့်သင့်တယ်လို့ ကွန်ရက်ကဆိုပါတယ်။

၂၀၂၅၂၇ သက်တမ်းအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ ထိုင်းနိုင်ငံဟာ ဒီကိစ္စကိုအသုံးပြုပြီး လူ့အခွင့်အရေးကာကွယ်ဖို့နဲ့ နယ်စပ်တလျှောက်က လူကုန်ကူးမှုတွေကို တိုက်ဖျက်ရာမှာနဲ့ နစ်နာသူတွေကို အကူအညီပေးရာမှာ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သူ့ရဲ့အခန်းကဏ္ဍကို မြှင့်တင်နိုင်တယ်လို့အိတ်ဖွင့်ပေးစာမှာရေးထားပါတယ်။

မူရင်း – Plea made for trafficking victims in Myawaddy

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံတွင် ခိုလှုံနေသည့် မြန်မာစစ်ရှောင် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရ သဘောတူ

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မြန်မာစစ်ရှောင် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ဩဂုတ်လ ၂၆ ရက်မှာ မူအားဖြင့် သဘောတူလိုက်ပြီလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 
Read More

အိမ်ဖြူတော်အနီး ပစ်ခတ်မှုအပြီး အမေရိကန်၏ နိုင်ငံရေးခိုလှုံခွင့်များ အချိန်အတော်ကြာ ဆိုင်းငံ့မည်ဟု ထရမ့် ပြော

အိမ်ဖြူတော်အနီးမှာ အာဖဂန်နိုင်ငံသားတယောက်က အစောင့်တပ်သား နှစ်ယောက်ကို ပစ်ခတ်ခဲ့ပြီး တယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် အမေရိကန်အစိုးရအနေနဲ့ ခိုလှုံခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အချိန်အတော်ကြာ ဆိုင်းငံ့ထားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၃၀ ရက်မှာ ပြောပါတယ်။
Read More

မြန်မာပြည်ကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် အတည်ပြု

မြန်မာပြည်မှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဘေးဒုက္ခရောက်ရှိခဲ့ရတဲ့ ပြည်သူတွေကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ပံ့ပိုးဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အတည်ပြုလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

မလေးရှားတွင် တရားမဝင်ဖွင့်လှစ်ထားသည့် မြန်မာသီးသန့် KTV ကို အာဏာပိုင်များဝင်စီး၊ မြန်မာနိုင်ငံသား အယောက် ၂၀ အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၊ ဘန်ဒါမန်ဂျာလရာ မြို့နယ်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ မြန်မာသီးသန့် KTV တစ်ခုကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား အယောက် ၂၀ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားသတင်းက မေလ ၂၀ ရက်မှာ ဖော်ပြပါတယ်။
Read More

ကန်ချနဘူရီမှာ ယာဉ်မတော်တဆမှုကြောင့် မြန်မာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီခရိုင်မှာ ဇန်နဝါရီလ ၈ ရက် မနက်အစောပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၁ ယောက် သေဆုံးပြီး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
Read More

အာဏာသိမ်းစစ်တပ်လက်ထဲက နိုင်ငံတကာက ပေးအပ်တဲ့ ငလျင်အလှူငွေတွေကို စောင့်ကြည့်ဖို့လိုအပ်ဟု သတိပေး

အာဏာသိမ်းစစ်တပ်လက်ထဲမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာကလှူဒါန်းထားတဲ့ စီးဆင်းငွေ အမေရိကန်ဒေါ်လာ ၁၃၆ သန်းအထိ ရရှိထားတာကြောင့် ပြည်သူတွေထံ ရောက်ရှိဖို့ စောင့်ကြည့်ရမယ်လို့ Burma News International နဲ့ Myanmar Peace Monitor တို့က ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။