မြန်မာနိုင်ငံမှာ လက်နက််ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတို့မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီး စစ်အုပ်စုကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မနေ့က ညပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အနေနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ကာ စစ်ကောင်စီ တပ်စခန်းတွေနဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့ပြီးနောက် သိန္နီမြို့ရှိ ရေပူစစ်ဆေးရေး ဂိတ်စခန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သိန္နီမြို့အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၆) ကို အောက်တိုဘာ ၃၀ ရက်က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ပေါင်း ၇၂ ရက်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စကခ ၁၆ ကို သိမ်းပိုက်ရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကလည်း စစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေချိန် စစ်ကိုင်းတိုင်းအတွင်းမှာလည်း  စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲရာ ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဦးဆောင်ပြီး အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အမှတ် ၁ စစ်ဒေသ၊ အနောက်မြောက်စစ်ဒေသနဲ့ အမှတ် ၉ စစ်ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ ပြန်လည်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ရာ ဇွန်လ ၂၇ ရက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းပြီး မိုးမိတ်မြို့နယ်အတွင်းရှိ ကျောက်မောရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သလို ဇွန်လ ၂၉ ရက်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ကင်းချောင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မိုးမိတ်မြို့ကို ဇွန်လ ၂၈ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး မိုးမိတ်မြို့ အခြေစိုက် စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တို့ အခြေစိုက်ရာ စစ်ဗျူဟာ အခြေချ မိုးမိတ် (မိုးမိတ်ဗျူဟာ) ကို တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇူလိုင်လ ၃၀ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်လို့ PLA က ဆိုပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲမှာလည်း PLA က မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA)၊ ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော် (BPLA) တို့နဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပြီး လားရှိုးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၆၈) ကို ဇူလိုင်လ ၂၈ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကာ လားရှိုးမြို့ကို ဩဂုတ်လ ၃ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၉ ရက်မှာလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မိုးကုတ်ဗျူဟာနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တို့ ပူးပေါင်းကာ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခလရ ၁၄၈ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဩဂုတ်လ ၁၄ ရက်မှာတော့ မိုးကုတ်သပိတ်ကျင်းမန္တလေး လမ်းဆုံရှိ ဖော့တောလမ်းဆုံ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLA က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၆ ရက်မှာတော့ PLA က TNLA နဲ့ ပူးပေါင်းကာ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ သီပေါမြို့သိမ်းတိုက်ပွဲမှာလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အောက်တိုဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ဖြတ်တောက်ရေးတာဝန်ယူကာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၇ မိုင်၊ ကျောက်ကြီး၊ စစ်ကောင်စီရဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃) နဲ့ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းတွေကိုလည်း ဆက်လက်တိုက်ခိုက်နေတယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) တို့နဲ့အတူ ၆၁၁ တပ်မဟာအတွင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ လားရှိုး PDF၊ မိတ္ထီလာ PDF၊ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ အခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ PLA က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ စစ်ကောင်စီက မထိန်းချုပ်နိုင်လို့ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့

စစ်ကောင်စီက ရွေးကောက်ပွဲ အကြောင်းပြကာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဟာ တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိလို့ မှန်ကန်မှု မရှိနိုင်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေ ကထုတ်ပြန်ပါတယ်။
Read More

ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ပြန်လည်လွတ်‌မြောက်လာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌာဖြစ်သူ ကိုဝေယံဖြိုးမိုးဟာ သာယာဝတီအကျဉ်းထောင်မှာ အဓမ္မထောင်သွင်းအကျဥ်းကျခံထားရာမှ ဧပြီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဗကသများအဖွဲ့ချုပ်က ယနေ့ညမှာ ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ဂိတ်ထွက်စစ်သည့် စစ်သားများ အနီးကပ်ပစ်ခံရပြီး ၁ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းမှာ ဂိတ်ထွက်စစ်တဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး နေရာမှာတင် ၁ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

မင်းအောင်လှိုင် ထားဝယ်လာမည်ဟု သတင်းထွက်နေပြီး ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ် တရစပ် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းမှာ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပကဖ က ဆန်နဲ့ ဆီ ပေးဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေက စစ်ဘေးရှောင်ဒေသခံပြည်သူတွေကို သပိတ်ကျင်း ပကဖ တာဝန်ခံတွေနဲ့ အဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၁ ရက် မနေ့က ဆန်၊ ဆီ ရိက္ခာတွေ ပေးဝေခဲ့တယ်လို့ သိရပါတယ်။
Read More

Chinland Defense Force – Kalay-Kabaw-Gangaw တပ်ရင်း ၁ ရဲ့ အခြေခံ မွမ်းမံ စစ်သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw (CDF - KKG) တပ်ရင်း (၁) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာ မွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။