ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ကုန်စည်စီးဆင်းမှု တားမြစ်ထိန်းချုပ်ထားပြီး အကူအညီပေးလိုတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကို ၀င်ရောက်ခွင့်မရအောင်ပိတ်ဆို့ထားတယ်လို့ IEC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူတွေနဲ့ရေဘေးသင့်ပြည်သူများကြုံတွေ့နေရတဲ့အခက်အခဲသော စိန်ခေါ်မှုများကို နိုင်ငံတကာက သိရှိပြီး စာနာထောက်ထားပေးရန် နှင့် ကူညီပံ့ပိုးမှုများတိုးမြှင့်ပေးဖို့ IEC ကတောင်းဆိုပါတယ်။

အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေထိန်ရချုပ်ထားတဲ့ ဒေသတွေကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ မရောက်ရှိအောင် ထိန်းချုပ်ထားတယ်လို့လည််းဆိုပါတယ်။

ဒေသတွင်း ကဏ္ဍတစ်ခုချင်းအလိုက် လိုအပ်ချက် မှာ ရေဘေးသင့် ပြည်သူနှင့် စစ်ဘေးရှောင် လူဦးရေ ၁၅၀,၀၀၀အတွက် တစ်လတာစားနပ်ရိက္ခာ အတွက် အမေရိကန်ဒေါ်လာ ၃,၀၅၆,၈၁၇ ၊ရေလွှမ်းပျက်စီးသွားသည့် စိုက်ပျိုးဧက တစ်သောင်းကျော် ပြန်လည်ကုစားရေးအတွက်  ဒေါ်လာ ၃,၅၆၇,၅၈၅ လိုအပ်တယ်လို့IEC က တွက်ချက်ဖော်ပြပါတယ်။

ကရင်နီပြည်နယ်မှာ သဘာဝဘေးဆိုင်ရာအကျပ်အတည်းများနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်ချက် အလွန်ကြီးမားနေတယ်လို့လည်း IEC က အသိပေးပါတယ်။

ကရင်နီ IEC ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့နိုင်ငံရေးပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မပြေလည်နိုင်၊ ပဋိပက္ခများ ပိုတိုးလာနိုင်သည့် ရွေးကောက်ပွဲ လုံးဝ အသိအမှတ်မပြုကြောင်း NLD ထုတ်ပြန်…

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဖြစ်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရင် ပြေလည်မှာ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး အလင်းဝင်လာပြီး ၁၈ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိဟု ပြည်သူ့ပန်းတိုင် ဆို

၂၀၂၅ ခုနှစ် ဇွန်လ တတိယ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၃ ယောက် အလင်းဝင်လာပြီး ၁၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ မဖြစ်မနေ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေ

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၀၀ကျော်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို ပြောဆိုလိုက်ပါတယ်။
Read More

မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်ခဲ့တဲ့ ချင်းညီနောင်ကို ချင်းပြည်ကောင်စီက လေးမြတ်စွာ ဂုဏ်ပြုတယ်လို့ ထုတ်ပြန်

ချင်းညီနောင် နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲတွေ မှာ အောင်မြင်မှုရရှိခဲ့ခြင်းအပေါ်  လေးမြတ်စွာဂုဏ်ပြုတယ်လို့ ချင်းပြည်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၄ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။