ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုအတည်ပြုစုံစမ်းနေဆဲဖြစ်ကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ Y-12 လေယာဉ်နဲ့ ဗုံးသီး အလုံးရေ ၇၀လောက်ကို မင်းတပ်မြို့ပေါ်ကို ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ချင်းကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေဟာမင်းတပ်အနီးထိတွေ့တိုက်ပွဲတချို့လည်းဖြစ်ပွားနေပါတယ်။

စစ်ကောင်စီက မင်းတပ်မြို့အနီးက သူ့စခန်းကုန်းတွေ မကျစေဖို့ လေကြောင်းကနေ ခုခံတိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။ 

မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ရဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ ဩဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်း စစ်ကောင်စီက လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့ နေအိမ်များအား စစ်ကောင်စီတပ်မှ မီးရှို့ထားသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Ĥkl Mindat/Facebook)
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေထံ အမြန်ဆုံး ထောက်ပံ့ကူညီမှုတွေ ပေးအပ်မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအပေါ် လူသားချင်း စာနာထောက်ထားစွာဖြင့် တတ်နိုင်တဲ့ဘက်က အမြန်ဆုံး ထောက်ပံ့ကူညီပေးအပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းတို့တွင် ငလျင်ကြောင့် သေဆုံးသူ ၄၄ယောက်နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းက မြို့နယ် ၃ခုမှာ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၄၄ယောက် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိခဲ့ပြီး နေအိမ်အဆောက်အဦး၊ ဘုရားကျောင်းကန်တွေ ပြိုကျပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီက သမိုင်းတွင်တဲ့ ကျဆုံးမှုတွေ ဆက်တိုက်ကြုံနေရတဲ့ဒီအချိန်ဟာ တော်လှန်ရေးအောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ TNLA ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီက သမိုင်းတွင်တဲ့ ကျဆုံးမှုတွေ ဆက်တိုက်ကြုံနေရတဲ့ ဒီအချိန်ဟာ နွေဦးတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး တော်လှန်ရေး အောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်သည်တော် ကျင့်ဝတ်စည်းကမ်း စာစောင်များကို 96 soldiers PDF မှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း (CoC) လက်ကမ်းစာစောင်တွေကို 96 soldiers PDF တပ်ဖွဲ့မှာ ဟောပြောပို့ချကာ လေ့လာခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိတ္ထီလာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်။ အရပ်သား ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။